Featured Post

Wednesday, December 30, 2015

what is bitcoin ?


မြန်မာနိုင်ငံမှာ အင်တာနက်ရှိယုံ ဖြင့် အွန်လိုင်းပေါ်မှ Extra Money Income ရအောင် အချိန်ပိုင်း freelance အလုပ်လေးတွေ လုပ်ကိုင်နိုင်ပါတယ်
နိုင်ငံခြားမှာတော့ ဒီအလုပ်တွေက တွင်ကျယ်နေတာ ကြာပါပြီ အခုဆိုမြန်မာနိုင်ငံမှာလဲ
လုပ်ကိုင် လာကြပြီဖြစ်ပါတယ် ဒါပေမဲ့ နည်းနေပါသေးတယ်....

ဒီပို့စ်ကတော့ ဘစ်ကွိုင်နဲ့ လုံးလုံးမှ မရင်းနှီး မနီးစပ်သေးတဲ့ သူတွေအတွက်ပါခင်မျာ

ဘစ်ကွိုင်ဆိုတဲ့ အွန်လိုင်း ဒစ်ဂျစ်တယ် ကာရန်စီကိုနိုင်ငံခြားအနောက်နိုင်ငံက ကုန်သည်တွေ ငွေပေးချေမှုမှာလွယ်ကူသည့်အတွက် တော်တော်များများ အသုံးပြုကြပါတယ် ဘစ်ကွိုင်ကိုလဲ အွန်လို်င်းမှ ရှာဖွေစုဆောင်းသူများလဲ အမြောက်အများ ရှိကြပါတယ် ဘစ်ကွိုင်ကို အမျိုးမျိုးသောရှာဖွေနည်းမျိုးစုံနဲ့
ရှာဖွေ စုကြပါတယ်.....ဥပမာ ဘစ်ကွိုင်ဖရီး စတိုရှီအနည်းစီပေးတဲ့ ဆိုဒ်များ..ပီတီစီ ဆိုဒ်များ...မိုင်းတွင်းတူးသည့် Miner Poolများ ...ဂိမ်းဆော့ပြီးရှာဖွေနိုင်သည့်ဆိုဒ်များ....Inverstmet ရင်းနှီးမြုပ်နှံမှုလုပ်သည့် ဆိုဒ်များ...ဘစ်ကွိုင် ၀ယ်ရောင်း buy/sell သည့် Trade ဆိုဒ်များ ...အမျိုးစားမျိုးစုံနဲ့ ရှာဖွေစုကြပါတယ် ...မိမိမှာ ကွန်ပြူတာ၁လုံးသို့မဟုတ် ဖုန်း၁လုံးရှိတာနဲ့ ဘစ်ကွိုင်စုဆောင်းတာကို လုပ်နိုင်ပါတယ်....ကျနော်တို့နိုင်ငံမှာလဲဘစ်ကွိုင်စုဆောင်းသူတွေ တဖြေးဖြေးများပြားလာပါပြီ.....ဘစ်ကွိုင်ကဘယ်လိုငွေချေမှုမှာအသုံးဝင်ခဲ့လဲဆိုတာ အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါသည်ခင်မျာ


ဘစ်ကွိုင် Bitcoin ဆိုတာ(online digital currency) အမျိုးစားတစ်ခုဖြစ်ပါတယ်
ဘစ်ကွိုင်ကို Nakamoto က  (6.11.2008) ခုနှစ်မှာ စတိုရှီနဲ့ ငွေပေးချေမှုကိုစတင်တီထွင်ခဲ့ပါတယ်
2009 ခုနှစ်စပိုင်းမှာ open source system နဲ့ ငွေပေးချေမှုကိုလူတစ်ဦးနဲ့ တစ်ဦး  ကြားခံ မလိုဘဲ တိုက်ရိုက် peer to peer စနစ်ဖြင့်စတင်အသုံးပြုနိုင်ခဲ့ကြပါတယ်....




အဆို ပါ ဘစ်ကွိုင် ကိုင်ပိုင်ငွေချေမှုစနစ်Virtual ငွေကြေးကိုအသုံးပြုချင်းဖြင့် အမေရိကန် ဘဏ္ဍာရေးစနစ်မှာ အုပ်ချုပ်ရေးမှူးမလိုအပ်ဘဲနဲ့ အလုပ်ဖြစ်စေခဲ့ပြီး မြန်ဆန်တွင်ကျယ်လာခဲ့ပါတယ်
Bitcoin ကိုပထမဆုံးသော cryptocurrency ဟုစတင်ခေါ်ဝေါ်သုံးစွဲခဲ့ကြလေတယ်....







ထိုသို့ အစောပိုင်းတွင် ဘစ်ကွိုင်ကို ငွေပေးချေမှု တစ်ခုထဲတွင် ကုန်သည်များတွင်တွင်ကျယ်ကျယ် အသုံးများသထက် များပြားလာခဲ့တယ်....ဥရောပမှာ အကြွေးဝယ်ကဒ်နဲ့ ၀ယ်တာတွေထက်ကို မက်လုံးပေးပြီးတော့ 3% 4% ဒစ်စကောင့်အသုံးပြုကာ ဘစ်ကွိုင်နဲ့ ငွေချေတာကိုကုန်သည်တွေအသုံးပြုလာကြတယ်....
ဘစ်ကွိုင်ကို ကုန်သည်များအရေတွက် များပြားစွာ လက်ခံလာသည့်အတွက် ဘစ်ကွိုင်ရဲ့ cryptocurrency
လက်လီလက်ကားဝယ်ယူမှုကြောင့် နေ့စဉ် ဈေးအတက်ကျများ
ဟုန်တိုးပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ် ဥရောပ ဘဏ် အာဏာပိုင်အဖွဲစည်းကတော့ bitcoin အသုံးပြုသူများကို လူအခွင့်အရေး သို့မဟုတ် chargebacks နဲ့ကာကွယ်ထားသည်မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်... ဘစ်ကွိုင်နဲ့ပက်သက်လို့ ငြင်းခုံမှုတွေ အမြောက်များ ပေါါ်ပေါက်ခဲ့ပါတယ်




နောက်ပိုင်းတွင် ဘစ်ကွိုင်အသုံးပြုသူများပြားစွာပေါ်ပေါက်လာတော့ မီဒီယာတွေနဲ့ ဘဏ္ဍာရေးစနစ် အားပြိုင်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံး Bitcoin ကို အမေရိကန် ဘဏ္ဍာရေးစနစ်မှာ တရားဝင် ၀န်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်




bitcoin ရဲ့ ယူနစ်စနစ်ကို XBT of BTC ( BitcoinSign ) ဟုတ်သတ်မှတ်ထားပါတယ် ယူနစ်တွေထဲမှာအကြီးဆုံးပေါ့
နောက်ထပ် အသုံးပြုတာကတော့
( mBTC ) millibitcoin 0.001 ပါ
( μBTC ) microbitcoin 0.000001 ပါ
( Satoshi ) Satoshi 0.00000001 Bitcoin ဘစ်ကွိုင်ရဲ့ တစ်ရာသန်းကို ကိုယ်စားပြုတဲ့ အသေးငယ်ဆုံးပမာဏ ကိုဖော်ပြတဲ့ ဟာပါ စတိုရှီဆိုတာကတော့.............


2014 ခု အောက်တိုဘာလ 7 ၇က်နေ့မှာ bitcoin ဖောင်ဒေးရှင်းကို ထောင်ပြီးတော့ ISO 4217
နဲ့ဖြန့်ချီပြီး ဘစ်ကွိုင်မှ ငွေကြေးကို ကုဒ်တွေ evouncher တွေနဲ့အသုံးပြုပြီး BTC ,XBT ကို ဖန်တီးသတ်မှတ်ခဲ့ကြပါတယ်.......





Bitcoin ကိုအွန်လိုင်းမှ payment တွေတော်တော်များများ ချေလို့ရပါတယ် ဘစ်ကွိုင်နဲ့ တခြား ကာရန်စီ အမျိုးစားများကိုလဲ လဲလှယ် exchange လုပ်လို့ရပါတယ်
ဥပမာ bitcoin to perfect money , bitcoin to paypay ,bitcoin to Giftcard
itune Giftcard တွေ Playstore Giftcard တွေ website domain တို့ တခြား ဂစ်ကဒ်ပေါင်းစုံ လဲဝယ်ယူလို့ရပါတယ်
နိုင်ငံခြား အွန်လိုင်း e-Commerce ဆိုဒ်တွေမှာ ဘစ်ကွိုင်ကိုတော်တော်များများ ငွေချေဖို့ လက်ခံထားပါတယ်
စသည်ဖြင့်ပေါ့ကျနော်ကတော့ ကျနော်တို့ဆီမှာ အသုံးများတဲ့ ဟာတွေလောက်ဘဲ ရေးပြသွားတာပါ
တခြားနိုင်ငံတွေမှာသုံးတဲ့ ကာရန်စီ မျိုးစုံကိုလဲ ဘစ်ကွိုင်မှ လဲလှယ်လို့ရပါတယ်
ရွှေလိုမျိုးပေါ့ ကြိုက်တဲ့ဟာနဲ့ လိုက်လဲလို့ရပါတယ် ဒေါ်လာ ယူရို ပေါင် စသည်ဖြင့်ကျနော်အကြမ်းဖျင်းလောက် ပြောပြတာပါ



We accept Bitcoin Here လို့ ဘစ်ကွိုင်ပုံလေးနဲ့ပြထားရင် ဘစ်ကွိုင်နဲ့ငွေချေပေးလိုက်ယုံပါဘဲ
အ၇မ်းလွယ်ကူတဲ့ ငွေချေစနစ်ပါ သူတို့ သူတို့ အကောင့်ရဲ့ QR code ကုဒ်လေး ကို ပြပေးထားပါလိမ့်မယ်
ကျနော်တို့က အကောင့်ထဲကနေ မိုဘိုင်းဖြင့် ကုဒ်စကန်နာနဲ့ဖတ်ပြီးတော့ တန်းပို့လိုက်ယုံနဲ့ ငွေပေးချေမှုပြီးဆုံးပါတယ် seller အတွက်လဲ ငွေပေးချေမှုကိုလက်ခံဖို့ QR code သို့မဟုတ် ဘစ်ကွိုင်လိပ်စာ တစ်ခုဘဲလိုပါတယ်
Buyer အနေနဲ့လဲ စကမ်ဖတ်ပေးပြီးငွေပေးချေမှုကို လွယ်ကူစွာ လုပ်ဆောင်ယုံပါဘဲ




အွန်လိုင်းမှာငွေချေဖို့အတွက် တခြား ကာရန်စီ တွေကိုသုံးရင် မြန်မာနိုင်ငံကို ခွင့်ပြုထားတဲ့ကာရန်စီ အမျိုးစားတွေက နည်းပါတယ် အကောင့်တွေ ဗယ်ရီဖိုင်းဖြစ်ဖို့လဲ တော်တော်လေး လက်ဝင်အောင်ခက်ခက်ခဲခဲ ပြုလုပ်ရပါတယ် ဖိစ်ခ fees တွေ ဈေးကြီးပါတယ်




ဘစ်ကွိုင်ကတော့ ဘယ်လောက်များများနည်းနည်း အထွက် ဖိစ်ခ က satoshi 20000 အပြင်မကျပါဘူး
အကောင့်ဖွင့်ရလွယ်ကူပြီးတော့ သုံးရတာလဲ လွယ်ကူလွန်းပါတယ်
မြန်မာနိုင်ငံမှာလဲ ဘစ်ကွိုင်ကို မြန်မာ အိတ်ချိန်းဆိုဒ်မှာ မြန်မာငွေနဲ့ တရားဝင်ဝယ်ရောင်းပေးလုပ်ထားပါတယ်



1 btc = 234 $ ပါ ယနေ့ ပေါက်ဈေးကတော့ပြီးခဲ့တဲ့လက $300 ကျော်ပါ သူလဲ ရွှေလိုပါဘဲ နေ့တိုင်းဈေးအတက်ကျရှိပါတယ်
ယခင်က ဘစ်ကွိုင် 1btc ကို $ 1100 ကျော်ထိရောက်ခဲ့ဖူးပါတယ်.....

ဘစ်ကွိုင်ရဲ့ငွေကြေးတည်ငြိမ်မှုမရှိခြင်း အွန်လိုင်းလောင်းကစား များပေါါ်ပေါက်လာခြင်း web မှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနဲ့ဒုစရိုက်မှုများတွင် ဘစ်ကွိုင်နဲ့အွန်လိုင်းငွေပေးချေမှုများကြောင့် တရားမ၀င်ကုန်ပစ္စည်းများ တင်သွင်းမှုတွေနဲ့ ဘဏ္ဍာရေး ပြသနာများပေါ်လာပြီး အမေရိကန်ရဲ့ ရွှေဈေး ခေါင်ခိုက်အောင်တက်သွားချိန်တွင် ကုန်ကျစရိတ်များစွာ နဲ့ ဘစ်ကွိုင် မိုင်းတူးသည့်ကုပ္ပဏီများ စိတ်ဓါတ်တွေကျကာ မျှော်လင့်ချက်တွေ အရောင်မှိန်ခဲ့ပါတယ်။









2015 နွေဦးပေါက်အချိန်တွင်
ဘစ်ကွိုင်ဈေးဟာ တရှိန်ထိုး ထိုးကျသွားခဲ့တာပါ မိုင်းတွင်းတူးတဲ့ ကုပ္ပဏီများ အကျိုးမြတ်များစွာ ဆုံးရှုံးခဲ့ကြပါတယ်....



web black market များ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ဘစ်ကွိုင်ဖြင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများကို အမေရိကန်အာဏာပိုင်များ လိုက်လံ ပိတ်ပစ်ပါတယ်



ဘစ်ကွိုင်နဲ့ ငွေချေမှုပြုလုပ်များတဲ့ ဆိုဒ်တွေကို အင်တာနက်ဖောင်ဒေးရှင်း ဖွဲ့ ကာ ဘလက်မားကတ်များကို
အမေရိကန် အာဏာပိုင်များက စောင့်ကြည့်ခဲ့ပါတယ် သတင်းဆိုးများစွာဖြင့် ဘစ်ကွိုင်ဈေးထိုးကျမှုကြောင့် သုံးစွဲသူအများပြား ကြောက်လန့်က အတင်းထိုးရောင်းမှုကြောင့် ဘစ်ကွိုင် ဈေးအဆမတန်ထိုးကျသွားခဲ့ပါတယ်... ၀ယ်သူနည်းပြီး ရောင်းချသူအမြောက်များကြောင့် ဈေးကွက်မတည်ငြိမ်မှုပေါ်ပေါက်ခဲ့တာပါ



၂၀၁၅ ဇန်န၀ါရီ လမှာ Business Value ကို IBM ၏Institute မှ network ချိတ်ဆက်ပြီး BitTorrent , Telehash နှင့် Bitcoin အပါဝင် လွတ်လပ်စွာရရှိသောနည်းပညာကိုအသုံးပြုမှု အင်တာနက်ပေါ်ရှိ Device များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဗဟိုချုပ်ကိုင်မှုလျော့ချ မှု peer-to -peer Telemetry ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်



မေလေ 2015 ခုနှစ် မှာ NASDAQ OMX Group က Nasdaq ပုဂ္ဂလိကေစ်းကြက္ Pre- IPO ကုန္သြယ္ရွယ္မ်ားကို ကိုယ်စားပြုလွဲပြောင်း ရန်နဲ့ ရောင်စုံ ဒင်္ဂါးခေါ် ဘစ်ကွိုင်တန်ဖိုးကို အသုံးပြုမဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်...အခုလက်ရှိမှာ ဘစ်ကွိုင်ဈေးးကျနေတာပါ
ဒါပေမဲ့ အခု ၂၀၁၅ မှာ $240 ကနေ $320 ၀န်းကျင်ကို တက်လိုက်ကျလိုက်သွားနေပါတယ် တနေ့ထဲ ထိုးမကျပါဘူး အများကြီးနဲ့ တိုးလဲမတက်ပါဘူး ၁ ဘီတီစီကို $5 မှ $10 ကြား နေ့စဉ်ပြောင်းလဲရှိနေပါတယ်
ဘစ်ကွိုင်ကိုများသောအားဖြင့် ရိုှးရင်းစွာ ဈေးတက်ရင်ရောင်းထုတ်ပြီး ဈေးနဲနဲ ပြန်ကျရင် ၀ယ်စုတဲ့လူ များပါတယ် buy and sell လုပ်ကြပါတယ် ထရိတ်လုပ်တာ ရဲ့အခြေခံပေါ့...


ဒီနေ့ $ 240 နဲဝယ်ထားရင် မနက်ဖြန် $250 ထိတက်သွားတယ်ဆို $10 လာမြတ်ပါမယ်
မြန်မာငွေနဲ့ဆို ၁၀ ဒေါ်လာကို ၁၃၀၀၀ ကျော်မြတ်နိုင်ပါတယ် ....အကယ်လို့ 2btc ၀ယ်စုထားတဲ့သူဆိုရင် ၂၆၀၀၀ မြတ်ပါမယ် ဈေးအတက်ကျကတော့ မနက်ပိုင်းအစောပိုင်းတွေမှာ ကျတက်ပြီးတော့ ညပိုင်းလောက်မှာ ဘစ်ကွိုင်ဈေး ပြန်တက်လေ့ရှိပါတယ် မြန်မာနိုင်ငံ ရဲ့ အချိန်အရ ပြောပြတာပါ....
ဘစ်ကွိုင်အကြောင်းကတော့ ဆက်ရေးရင်တော်တော်ရှည်သွားမယ်ခင်မျ smile emoticon အားလုံး ဘဲဒီလောက်ဆို ဘစ်ကွိုင်လာလဲဆိုတာ အကြမ်းဖျင်းလောက် သိလောက်ပြီထင်ပါတယ်ခင်မျ......လိုရင်းလေးရောက်ရင်ဘဲရေးပေးလိုက်တာပါ.....
အခုလောလောဆယ် ဘစ်ကွိုင်ကို စုဖို့အတွက် ဝေါလက် ၁ခုလိုအပ်ကြောင်းဆက်ပြောမှာပါ အကြမ်းဖျင်းပေါ့း)
နောက်ပြီးရင် ဘစ်ကွိုင်ကို အွန်လိုင်းပေါ်ဘယ်လိုရှာဖွေ ရမလဲ ဆိုတာဆက်လုက်ရေးပြပေးပါ့မယ် 

သင်ဘစ်ကွိုင် ရှာဖွေစုဖို့အတွက် ဘစ်ကွိုင် ဝေါလက်တစ်ခု တော့ ရှိရပါမယ် ကိုယ်က ဝေါလက်ကို web ကနေအသုံးများမှာလား ဒါမှမဟုတ် application ကဘဲသုံးမှာလား ဆိုတာခွဲခြားပါ တကယ်တော့ ၂ ခုလုံးသုံးလို့ရပါတယ် ကိုယ့်စိတ်ကြိုက်အားသန်ရာပေါ့ ရွေးပြီးတော့ ဝေါလက်၁ခု အကောင့်ဖွင့်လိုက်ပါ
ဘစ်ကွိုင် ဝေါလက် ၁ခုအကောင့်ဖွင့်ပြီးရင် ဘစ်ကွိုင် လိပ်စာ ၁ခုရပါမယ် အဲ့လိပ်စာကိုမှတ်ထားရမှာပါပြီးရင်ငွေထုတ်သွင်းကို အဲ့လိပ်စာ နဲ့လုပ်ရပါတယ် ကိုယ့်ဆီ ကို ဘစ်ကွိုင် ပို့မယ်ဆိုရင် ကိုယ့်လိပ်စာ Btc address ပေးထည့်ပေးရပါတယ် ဒါမှ ကိုယ့်ဝေါလက်ထဲကိုရောက်မှာပါ
ဒါမှကိုယ်စုလို့ရမဲ့ ဘစ်ကွိုင်တွေကို ကိုယ့်ဝေါလက်ထဲမှာ သိမ်းထားလို့ရမှာပါ ....တနည်းပြောရင် ဘစ်ကွိုင်ဝေါလက်ဆိုတာ အွန်လိုင်း ပိုက်ဆံအိတ် တမျိုးဆိုတာမျိုးပါ....မိမိပိုက်ဆံတွေကို အွန်လိုင်းမှာသိမ်းထားရတဲ့ ပုံစံမျိုးပေါ့..


ပုံထဲက ဝေါလက်ကတော့ Coin base ဝေါလက်ပါ လူသုံးလဲများပါတယ် လုံခြုံရေးပိုင်းလဲကောင်းပါတယ်
ကျနော်ကတော့အသုံးများတာ Blockchain ကိုအသုံးများပြီးကြိုက်ပါတယ်
Coinbase မှာမြန်မာနိုင်ငံကို ဘဏ်နဲ့ချိန်ပြီးတော့ အသုံးပြုခွင့်မပေးထားပါဘူး ထုတ်သွင်းတော့အကုန်သုံးလို့ရပါတယ် အထဲမှာတင် buy and sell ရောင်းဝယ်လို့မရသေးတာပါ
ဘစ်ကွိုင် wellet တွေမျိုးစုံ ထွက်ပါတယ် တခုနဲ့တစ်ခု အပြိုင်ဆိုင်ဝန်ဆောင်မှုတွေမတူအောင်ပေးထားကြပါတယ် ကိုယ်အသုံးတည့်မဲ့ အသုံးများမဲ့ ဟာကို ရွေးပြီးတော့ အသုံးပြုနိုင်ပါတယ်
ဒီပို့စ်မှာတော်တော်ရှည်သွားပြီခင်မျ .....ဝေါလက်အသုံးပြုနည်းနဲ့ အကောင့်ဖွင့်နည်းကို နောက်၁ပို့စ်မှာပြည့်ပြည့်စုံစုံ ရေးသားပေးပါ့မယ်..

Bitcoin advertising network services (for blogger and Publisher)




ကျနော်ဒီနေ့ Bitcoin ကို advertising အနေနဲ့ ရယ် Publisherအနေနဲ့ရှာဖွေလို့ရမဲ့နည်းလေး ရေးသားပေးပါ့မယ်ခင်မျာ...

Blogger တွေနဲ့ Publisher တွေအတွက် မိမိ ရဲ့ ဆိုဒ်သို့မဟုတ် ဘလော့ မှာ ကြော်ငြာ banner လေးတွေ တင်ထားခြင်းဖြင့် 24/7 ၂၄ နာရီ ၇ ၇က်ပတ်လုံးကို မိမိရဲ့ ဆိုဒ်လေးက ၀င်ငွေရှာပေးနိုင်မှာဖြစ်ပါတယ်...
စီးပွါးဖြစ် လောက်အောင်ရလားဆိုရင်တော့ အဲ့လောက်တော့မရပါဘူး မိမိ ဆိုဒ်ရဲ့ ဒိုမိန်း ဖိုးလောက်တော့ရနိုင်ပါတယ် ပြီးရင် ဖုန်းဘေဖိုးလောက်တော့ ပြန်ရနိုင်ပါတယ်
စီးပွါးဖြစ် လောက်အောင်ဝင်ငွေ ကောင်းချင်ရင်တော့ မိမိဆိုဒ် က နေ့စဉ် လူအများကြီး ၀င်ထွက်နေရင်တော့ Traffic တွေ အရမ်းများရင် သူတို့ ဆိုဒ်တွေက Traffic Reffer Link ကိုကြည့်ပြီးတော့ တိုက်ရိုက်ကို လာကြော်ငြာပါလိမ့်မယ်....

တချို့ ဘလော့ကာတွေက Paypal တို့ဘာတို့ နဲ့သုံးတဲ့ကြော်ငြာဆိုဒ်တွေမှာ ကြော်ငြာသွားယူလေ့ရှိပါတယ်
တကယ်တော့အဲ့လိုကြော်ငာဆိုဒ်တွေက $10 $ 20 လောက်ရဖို့ကို ၁နှစ် နီးပါးလောက်ထိကြာပါတယ် Paypal $10 ကိုပြန်ရောင်းဖို့ကလဲ အွန်လိုင်းပေါ်မှာခက်ခဲလှပါတယ်....ဘစ်ကွိုင်ကတော့မြန်မာငွေနဲ့တိုက်ရိုက် ချက်ချင်း ရောင်းချနိုင်ပါတယ်
ဘစ်ကွိုင်ဆိုဒ်တွေကတော့ မြန်ပါတယ် ကြော်ငာ ခ ပြန်ပေးတာ တချို့ဆိုဒ်ဆိုရင် နေ့တိုင်း ရတဲ့ ငွေကို တစ်နေ့ တစ်ခါ ရှင်းပေးပါတယ်....

တချို့ ဘလော့ကာတွေက ဘစ်ကွိုင်နဲ့ မရင်းနှီးသေးကြပါဘူး ဘစ်ကွိုင်ရဲ့ ကြော်ငာတွေထည့်သွင်းဖို့အတွက် သူတို့ ဘစ်ကွိုင်ပြန်ပေးရင် လက်ခံ ပေးဖို့ Bitcoin wallet တစ်ခု ရှိမှာဖြစ်မှာပါ

Bitcoin wallet အကောင့်ဖွင့်နည်းနဲ့ အသုံးပြုပုံကို ဒီလင့်မှာ သွားကြည့်နိုင်ပါတယ်...
All Bitcoin Post Link (ဒီလင့်ကတော့ဘစ်ကွိုင်နဲ့ ပက်သက်တဲ့ပို့စ်အားလုံးလင့်စ်ပါ) 

ဘလော့ကာတွေအနေနဲ့ မိမိ ဆိုဒ်မှာ ကြော်ငြာကုဒ်ထည့်တာလောက်ကို ဘာမှရှင်းပြစရာမလိုပါဘူး ထမင်းစားရေသောက်တာထက်လွယ်ကူပါတယ်ခင်မျာ...သူတို့အတွက်ကတော့

ဒါပေမဲ့ ကျနော်ဆိုဒ်၁ ဆိုဒ်ကိုအရင်းဆုံး နမူတာတော့လုပ်ပြပေးပါမယ် နောက် ဘလော့ကာ အသစ်တွေအနေနဲ့လဲ လေ့လာလို့ရနိုင်အောင်ပါ သိပြီးသားသူအနေနဲ့ နဲနဲလောက်သီးခံပေးပါအုံးခင်မျာ...


အဲ့ဆိုဒ်ကတော့ အကောင့်ဖွင့်စရာမလိုပါဘူး မိမိ ဘစ်ကွိုင် လိပ်စာထည့်ပေးပြီးတာနဲ့တင် မိမိဆိုဒ်မှာ ထားမဲ့ ကြော်ငြာအရွယ်စားနဲ့ချိန်ပြီးတော့ iframe ကုဒ်ကိုယူပြီး မိမိဆိုဒ်မှာ ကြော်ငြာနိုင်ပါတယ်
သူကတော့ နေ့တိုင်းကိုယ်ရတဲ့ ကြော်ငြာဖိုးကို တနေ့ တခါ ရှင်းပေးပါတယ်.... ဘစ်ကွိုင် လိပ်စာထဲကို အော်တို ထည့်ပေးပါတယ်....

ပုံမှာ နှိပ်ရမဲ့ဟာတွေကို အနီနဲ့ ၀ိုင်းပြပေးထားပါတယ်....

Earn Money ကိုနှိပ်လိုက်ပါ....ပြီးရင် Create an Ad Unite ကိုဆက်နိပ်လိုက်ပါ


Size မှာ မိမိတို့ ဘလော့နဲ့ ထားမဲ့နေရာနဲ့ကိုက်ညီမဲ့ အရွယ်စားကို ရွေးပေးလိုက်ပါ ကျနော်ကတော့ 468*60 banner အရွယ်စားကို ရွေးပေးထားပါတယ်  468 ဆိုတာ width ပါ 60 ကတော့ hight ပါ

Size URL မှာမိမိတို့ ဆိုဒ် လိပ်စာကိုထည့်ပေးလိုက်ပါ.....ကျနော်ကတော့ ကျနော့်ရဲ့ Bitcoin Facuet ဆိုဒ်လေး ကိုထည့်ပေးထားပါတယ်...



ကျနော်တို့ to user's account ကိုမသုံးပါဘူး To bitcoin address ကိုဘဲသုံးပါမယ် ဘစ်ကွိုင်လိပ်စာနဲ့ဘဲ

withdraw address မှာကိုယ်ထည့်မဲ့ ဘစ်ကွိုင် လိပ်စာကိုထည့်ပေးလိုက်ပါ....
withdrawal threshold မှာတော့ သူက အနည်းဆုံး 0.0001 btcမှ ပေးထုတ်ထားပါတယ် ကျနော်တို့ 0.0003 btc ပြင်ထားပါတယ် 0.0003 ရောက်တာနဲ့ အော်တို ပို့ပေးမှာပါနေ့တိုင်း ကိုယ့်ဆိုဒ်လူဝင်များရင်များသလို ချိန်လို့ရပါတယ်....

Create AD unit ကိုနှိပ်လိုက်ပါ ကုဒ်တွေထုတ်ပေးပါလိမ့်မယ်


Please embed this HTML code into your site လို့ပေးထားပါတယ် အဲ့ပေးထားတဲ့ကုဒ်ကို ကော်ပီကူးပြီးတော့ ဘလော့မှာသွားထည့်ရပါမယ်....

Access Data မှာတော့ သူပေးထားတဲ့ကုဒ်ကို ကော်ပီ ကူးထားပြီးတော့ သိမ်းထားလိုက်ပါ
အဲ့လင့်နဲ့ ပြန်ဝင်ပြီးတော့ သူပေးတဲ့ ပက်ဝက်ကုဒ်နဲ့ မိမိ အခု ကြော်ငြာ ကို ပြန်လည် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်... ပြီးသွားရင်တော့

I saved access data ဘေးက ဘောက်လေးမှာ အမှန်ခြစ်လေးထည့်ပေးပြီး နှိပ်လိုက်ပါ မိမိ ကြော်ငြာ Active ဖြစ်သွားပါပြီ

မိမိ ရဲ့ကြော်ငြာကို ပြန်လည်ပြင်ဆင်ချင်တယ်ဆိုရင်တော့ Edit ကနေ ဆိုဒ်အရွယ်စားနဲ့ ကာလာတွေ တွေကို စိတ်ကြိုက် ပြန်လည်ပြန်ဆင်နိုင်ပါတယ် ပြီးရင်တော့ ညာဘက် ဘောက်မှာStandard Colors အောက်ကကုဒ်ကိုသွားပြန်ကူးပြီးတော့ မိမိဘလော့မှာ ပြန်ထည့်ပြီးချိန်ယူနိုင်ပါတယ်


ထည့်ထားတဲ့ ကြော်ငြာ ကျနော့် ဘစ်ကွိုင်ဖရီးပေးတဲ့ဆိုဒ်မှာ ရောက်နေပါပြီ။။။
Balance မှာ အခု 0.000000 B ဖြစ်နေပါတယ် အခု မှထည့်ထားလို့ပါ...
withdrawal address မှာတော့ ကိုယ်ထည့်ထားတဲ့ လိပ်စာ ကိုသူပို့ပေးဖို့ ပြထားတာပါ...

Categories ကတော့ အခုမှ ကြော်ငြာ ထည့်ထားတာမလို့ Unknown ဖြစ်နေပါတယ် ၂၄ နာ၇ီအတွင်း သူတို့ အမျိုးစားရွေးပေးပါလိမ့်မယ်


အပေါ်ကပုံလေးကတော့ ကျနော့် ဆိုဒ်လေးရဲ့ ပုံလေးပါ ၁ပတ်စာ ရတဲ့ နှုန်းထားပါ 0.016 btc ထုတ်ပေးထားပါတယ်...ကျနော်ကတောကြော်ငြာကို အမြဲ တမ်း ၁၀ ၁ခါ အသစ်ယူပြီးထည့်ပါ ကြော်ငြာ အသစ် ထည့်တိုင်း Impressions များများ တွေ့ တာနဲ့ ပေးပါတယ် မြင်ပြီးသားသူတွေ ကိုသူက ပြန်ပြီးတော့ပေးလေ့မရှိလို့ပါ....ကလစ်သွားရင်တော့ ပိုရပါတယ်
နောက်ထပ် လူများများဝင်လေ ကြော်ငြာခ ပေးတဲ့ နှုန်းထားက ပိုများလေပါ သူများရတဲ့ ကြော်ငြာခနဲ့ ကိုယ့်ဆိုဒ်ရတဲ့ ကြော်ငြာခမတူပါဘူး....ကျနော် စစချင်း ပထမရက်တွေမျိုး ဆိုရင် 0.006 ကျော်ကို ၁ရက်ထဲရပါတယ် နောက်ပိုင်းမှာတနေ့ နဲနဲ ချင်းစီ နည်းသွားတာကိုတွေ့ ပါလိမ်မယ်......
အခုလောက်ဆို အကြမ်းဖျင်းလောက်နားလည်ပြီထင်ပါတယ် ခင်မျာ ကျနော် နောက်ထပ် ဆိုဒ်တွေကိုတော့ ဒီတိုင်း ဘဲတင်သွားပေးလိုက်ပါတော့မယ် သဘောတရားကတော့အကုန်တူတူပါဘဲ ကျန်တဲ့ဆိုဒ်တွေကတော့ အကောင့်ဖွင့်ရပါတယ်


ဒီဆိုဒ်လေးကတော့ နာမယ်တော်တော်ကြီးပါတယ် သူပေးတဲ့ ကြော်ငြာနှုန်းကလဲ တော်တော်လေးကိုများပါတယ် ကလစ် ၁ချက်ကို ပြန်ရတဲ့ နှုန်းက...အနည်းဆုံး 0.0002လောက်ကိုချပေးပါတယ်....ကလစ်မှရတာပါ ကိုယ့်ဘာသာ ကလစ်ကို ဘန်းသွားပါလိမ့်မယ်...
 သူကတော့ blogspot.com sub domain တွေကိုလက်မခံပါဘူး....ဒါပေမဲ့ ဘလော့ကာတွေအတွက်
Short Link ကိုယူသုံးလို့ရပါတယ် တခြား သူတွေလဲ မိမိ လင့်စ်တွေတင်တဲ့အခါ တို့ လင့်တွေ ရှဲတဲ့ အခါတို့မှာ သူထဲမှာသွားပြီးတော့ ရှော့လင့် သွားပြောင်းပြီးတော့ ပြန်ရှဲလို့ရပါတယ်... သူတို့ကတော့ ရှော့လင့်ကို အမျိုးစား၂ ခုနဲ့ ထုတ်ပေးပါတယ် QR code နဲ့ ရိုးရိုး ရှော့လင့်နဲ့ ပါ ကြိုက်တာယူသုံးနိုင်ပါတယ်

ရှော့လင့် ကတော့ မိမိ ပေးချင်တဲ့လင့်စ်ကို ဘောက်ထဲမှာထည့်လိုက်ပါ ပြီးရင် short ကိုကလစ်လိုက်တာနဲ့ ရိုးရိုး Short Link နဲ့ QR code လင့် ထုတ်ပေးပါလိမ့်မယ် ကြိုက်တာကို ယူသုံးလို့ရပါတယ်



ဒီလောက်ဆိုရင်တော့ သုံးတတ်ပြီထင်ပါတယ် အကောင့်ဖွင့်တာကတော့ မိမိဘာသာဖွင့်ယူလိုက်ပါ လင့်မှာ
ကျနော် ရှင်းမပြတော့ပါဘူး ဘာမှလဲ မခက်ခဲလို့ပါ...


ဒီဆိုဒ်ကတော့ တော်တော်များများသိကြပါတယ် သူကလဲ ကလစ်မှပေးတာပါ...အခုနောက်ပိုင်းတော့ ကြော်ငြာခ တော်တော်လေးနည်းသွားပါတယ်...  100 bit ကို စတိုရှီ ၁သောင်းရှိပါတယ် သူက Bit နဲ့ပြပါတယ် 60 bit ဆို ထုတ်လို့ရပါတယ် ကျနော် 9000bit ထိကို ၁နေ့ထဲရဖူးပါတယ်..0.009btc ပေါ့


သူလဲဘာမှမခက်ခဲပါဘူးအကောင့်ဖွင့် မိမိဆိုဒ်ကိုထည့် ကုဒ်သွားယူယုံပါဘဲ 

ဒီကောင်လေးကတော့ အကောင့်ဖွင့်ပြီးတာနဲ့ ကုဒ်တွေယူပြီးတော့ မိမိ ဆိုဒ်မှာထည့်ထားလို့ရပါတယ် ဒါပေမဲ့ ဘစ်ကွိုင် ချက်ချင်းရမှာမဟုတ်ပါဘူး သူက လေလံသဘောမျိုးနဲ့ မိမိ ဆိုဒ်ကို ၁နေ့ ဘယ်လောက် Bid နှုန်းနဲ့ ကြော်ငြာ ခွင့်ပေထားလဲဆိုတာမျိုးပါ ကျနော်ကတော့ ကျနော့် ဘစ်ကွိုင် ဖရီးပေးတဲ့ဆိုဒ်မှာ 0.0002 နဲ့ တင်ထားခဲ့ပါတယ် ၁ပတ်ကျော်လောက်ကြာတော့ ကြော်ငြာရှင်တယောက် လာကြော်ငြာထည့်သွားပါတယ် ကြော်ငြာရှင်တွေက သူတို့ ဆိုဒ်ရဲ့ လူဝင်နှုန်းကိုကြည့်ပါတယ် ပြီးရင် ဈေးသက်သာတဲ့ဆိုဒ်ကိုလဲ ကြည့်ပါတယ်...ပြီးတော့ သူတို့ ကြော်ငြာမဲ့ အလုပ်နဲ့ အဆင်ပြေမဲ့ ဆိုဒ်ကိုလဲကြည့်ပါတယ် .... ဒါပေမဲ့ ကောင်းတာတော့ ကလစ်လုပ်လုပ် မလုပ် လုပ် သူကနေ့စဉ် ကြော်ငြာခ ရတဲ့ ဆိုဒ်မျိုးပါ ကြော်ငြာရှင်ကပေးရတာမလို့....ငွေထုတ်ရင်တော့ ဆိုဒ်မှာသွားထုတ်လိုက်ယုံပါဘဲ.....

ကျနော်ရှေ့ ၃ ရက်လောက်မှထုတ်ထားသေးလို့အခု အကောင့်ထဲမှာ 0.00049 ကျော်ဘဲကျန်ပါတော့တယ်





အဲ့ဆိုဒ်လေးလဲဘစ်ကွိုင်နဲ့ ကြော်ငြာထည့်ပေးရတာပါ...သူတို့ ဆိုဒ်တွေကတော့ ၂၄ နာ၇ီစောင့်ရပါတယ် မိမိ ဆိုဒ်အက်တစ် ဖြစ်ဖို့အတွက်
တခြားဆိုဒ်တွေလဲ ရှိပါသေးတယ် သူတို့ တော်တော် များများက ဘလော့တွေဆိုရင်သိပ်လက်မခံတပ်ပါဘူး
reject တွေလုပ်တာများပါတယ် သူတို့အလုပ်နဲ့ သိပ်မညီလို့ဆိုပြီးတော့...

ဒီဆိုဒ်လေးကလဲ Adbit လိုမျိုးပါဘဲ ကြော်ငြာရှင်ကတိုက်ရိုက် ချိတ်ဆက်ပေးတဲ့ဆိုဒ်ပါဘဲမိမိ ဆိုဒ်ရဲ့ ၁နေ့ ကြော်ငြာခကို တင်ထားပေးရင် ကြော်ငြာမဲ့သူက ကြိုက်ရင် သူထည့်သွားမှာဖြစ်ပါတယ်


နောက်ထပ် ကျနော် Short Link ဆိုဒ်လေးတွေ ပြောပြပေးပါမယ် ဘစ်ကွိုင်နဲ့ ပေးတဲ့ဆိုဒ်လေးတွေပါ အဲဆိုဒ်တွေကတော့ ဘလော့ ရှိမှရယ် မဟုတ်ပါဘူး ကိုယ်လင့်တွေတင်တိုင်း ရှော့လင့်တွေနဲ့ သုံးသွားပေးရင်းရနိုင်တာပါ.....

ဒီဆိုဒ်လေးကလဲ Paypal and Bitcoin နဲ့ ထုတ်ပေးပါတယ်။ ကျနော်ထုတ်ဖူးပြီးသားပါခင်မျာ....သူကတော့
1000 click ကို $6.5 နှုန်းနဲ့ပေးတာပါ...သူပေးပေမဲ့ နိုင်ငံအလိုက် Payment Rate တွေကွာခြားပြီးပေးတာပါ.....
ကျနော်တို့နိုင်ငံဆိုရင်တော်တော်လေးကို နည်းပါတယ် ကျနော်တော့ထုတ်ထားဖူးပါတယ်
အောက်ကပုံလေးမှာကြည့်လိုက်ပါ...




သူကျတော့ Publisher တွေရော ရိုးရိုးသူတွေပါ အသုံးပြုနိုင်ပါတယ် သူကတော့ File တွေ Video တွေကို
Upload တင်ပေးပြီးတော့ ရှာရတာပါ ဒေါင်းလော့ဆွဲသွားတိုင်း Video တွေကြည့်သွားတိုင်း သူကဘစ်ကွိုင်တွေပေးတာပါ....Size upload အရွယ်စားတွေအလိုက် ခွဲပေးထားပါတယ် အနည်းဆုံး 5M ကစပြီးတော့ ငွေချေပေးပါတယ်....Publisher တွေအတွက်တော့ အရမ်းအဆင်ပြေနိုင်ပါတယ် ဘာလို့လဲဆိုတော့ လလော့ကာတွေက အမြဲတမ်း မိမိ ဆိုဒ်မှာ Upload တင်ပေးနေရတာများပါတယ်.....



ကိုယ်တင်ထားတဲ့ လင့်ကို ပြန်ရှဲပေးရင်း သူများဒေါင်းသွားရင် ငွေရတာပါ....ကျနော်တော့မထုတ်ရသေးပါဘူး လုပ်တာလဲမကြာသေးလို့ပါ...ငွေထုတ်ကိုတော့ 24 နာ၇ီအတွင်း ထုတ်ပေးမယ်လို့ ပြောထားပါတယ်...


အခုပြောပြပေးခဲ့တာကတော့ Publisher တွေအတွက် ဘစ်ကွိုင်ရှာဖွေ လို့ရနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်.... အားလုံးဘဲ အဆင်ပြေကြလိမ့်မယ်လို့ မျော်လင့်ပါတယ်ခင်မျာ....

နားမလည်တာများရှိရင် ဖေ့ဘုတ် ဂရုမှာ Join ပြီး ပို့စ်တင်မေးမြန်းနိုင်ပါတယ်ခင်မျာ.....Join FB Group


ရေးသားသူ www.servicebyart.biz
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

credit to servicebyart.biz

Thursday, December 24, 2015

How to Make Myanmar Blog

How to Make Myanmar Blog    မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့် ညီလင်းဆက် သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း အဆင့် (၁) Create Google Account ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန် လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ ရယူနိုင်သည်။ https://www.google.com/accounts/ManageAccount အဆင့် (၂) First Step to Blog www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။ အဆင့် (၃) Name Your Blog သင်၏ ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ ထိုဘလော့ဂ်ကို ကိုယ်စားပြုသော နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။ လိပ်စာကိုတော့ အရှည်ကြီး ပေးမည့်အစား ခပ်တိုတိုပေးခြင်းက ပိုပြီး အဆင်ပြေစေပါသည်။ (ထိုအရာများမှာ အချိန်မရွေး ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကို နောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင် ရှင်းပြသွားပါမည်) http://nyilynnseck.blogspot.com သင့်ဘလော့ဂ် လိပ်စာကို ပေးပြီးပါက အဆိုပါ လိပ်စာမှာ အသုံးပြု၍ ရနိုင်မရနိုင်ကို အနီရောင်ဖြင့် ပြထားသော Check Availability ဆိုသည်ကို နှိပ်ပြီး စစ်ဆေးနိုင်ပါသည်။ ထို့နောက် အပြာကွင်းပြထားသော နေရာတွင် အလိုအလျောက် ပေါ်လာသော စာလုံးများကို မလွဲအောင် ပြန်ရိုက်ပေးရပါမည်။ အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။ အဆင့် (၄) Choose Template ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ http://nyilynnseck.blogspot.com ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။ အဆင့် (၅) အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။ http://nyilynnseck.blogspot.com အထက်ပါပုံတွင် အပြာရောင် ပြထားသော နေရာတွင် သင်ရိုက်လိုသော စာသားများကို ရိုက်ရန် ဖြစ်ပါသည်။ ပြီးလျှင် အောက်ဆုံးမှ အစိမ်းရောင်နှင့် ပြထားသော Publish Post ဆိုသည့် ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ ထိုအခါ သင့်တွင် ပထမဆုံးပိုစ့် (စာမူတစ်ခု) ဝဘ်ပေါ်သို့ တင်ပြီးသွားပြီ ဖြစ်ကြောင်းကို အောက်ပါအတိုင်း အကြောင်းကြားပါလိမ့်မည်။ ထိုအဆင့် ပြီးဆုံးသွားလျှင် View Blog ဆိုသည်ကို နှိပ်ကြည့်ခြင်းဖြင့် သင်၏ ဘလော့ဂ်ကို အင်တာနက် စာမျက်နှာပေါ်တွင် အောက်ပါကဲ့သို့ တွေ့ရမည် ဖြစ်ပေသည်။ http://nyilynnseck.blogspot.com ပထမအဆင့် သာမန်ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း လုပ်ငန်း ပြီး၏။ Blogspot Blog တစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများ ပထမအဆင့် ဘလော့ဂ်တည်ဆောက်မှု ပြီးလျှင် သင့်အကောင့်မှ ထွက်လိုက်ပါ။ ပြီးလျှင် အစမှ ပြန်ဝင်ပါ။ မိမိအကောင့်ကို ဝင်လိုက်သည်နှင့် ပထမဆုံး မြင်ရမည့် စာမျက်နှာမှာ Dashboard ပင်ဖြစ်သည်။ ပုံ(၁) အဖွင့်စာမျက်နှာ (www.blogger.com) http://nyilynnseck.blogspot.com Dashboard ပုံ(၂) Dashboard Dashboard တွင် အနီရောင်ဖြင့် ပြထားသည့် မိမိဖန်တီးထားသော ဘလော့ဂ်ကို မြင်တွေ့ရမည် ဖြစ်သည်။ ဂူဂယ်လ် အကောင့်တစ်ခုဖြင့် ဘလော့ဂ်အရေအတွက် အကန့်အသတ်မရှိ ဖန်တီးနိုင်သည်။ ယခု Dashboard တွင် မြင်ရသည့် ဘလော့ဂ်များထဲမှ မိမိအသုံးပြုလိုသည် ဘလော့ဂ်ကို ရွေးချယ်ပေးရမည်။ ယခုမှ ပထမစလုပ်သော ဘလော့ဂ်များ အနေနှင့်မူ ယင်းနေရာတွင် ဘလော့ဂ် တစ်ခုတည်းသာ တွေ့နေရမည် ဖြစ်သည်။ ယခု ရွေးချယ်ပြထားသော အနီရောင် အစိတ်အပိုင်း၏ ဘယ်ဘက် အောက်ခြေထောင့်တင် တွေ့ရသည့် New Post ဆိုသည်ကွို နှိပ်လျှင် စာမူတစ်ခုကို ချက်ချင်း တင်နိုင်မည် ဖြစ်သည်။ ထိုအကြောင်းကို ပထမအခန်းတွင်း အကျဉ်း ရှင်းပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယင်း၏ ညာဘက်ထောင့်မှ ဘလော့ဂ် စီမံခန့်ခွဲရေး အပိုင်း အကြောင်းကိုသာ အဓိကထား ရှင်းပြသွားပါမည်။ ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။ ယင်းတို့မှာ • • • Posts Setting Layouts စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။ Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့ ထိနးချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့် သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု ပုံစံများကို ဖန်တီးယူသော အပိုင်းဖြစ်သည်။ http://nyilynnseck.blogspot.com Create Posts P Edit Comment Basic Publishing Formatting Commentd Blog Se ettings Archiving Site Feed Email Permission Page  Elements Fonts &  Colors Edit HTML New  Template La ayouts ပံ ပု(၃) ဘလော့ဂ်တစ်ခုတင် ပါဝင်သော ကဏ္ဍမျွာ င်ား (၁) ( Posting (စ စာတင်ခြင်း) ပုံ(၂) Dashbo oard မှာမြင်နေ နရတဲ့ Posts ဆုတာလေးကို နှိပ်လိုက်မယ်ဆိုရင် ကျွနေ ဆိ က တော်တို့ဟာ စာုက်တဲ့ နေရ်ာရိ ရာကို တိုက်ရိုက က် ရောက်သွားမှာ ဖြစ်ပါတယ်။ Pေ Posting ခေါင်း အောက်မာ Create, Edi Post, Modeးစဉှ် it erate Comme စသည်ဖြင့် ရှိနေတယ်။ ent င် • • • te သစ်းရေးသွင်းတာ၊ Creat က ပိုစ့်အသ တွေ ဖန်တီး Edit က အရင်ရေးပြီးသား ပို့စ်တွေကို ပြန်ပြင်တ ပြီ တာ၊ Mode erate က ကိုယ့ကို သူများက ပေးလာတဲ့ မှ ချက်တွေကို ထိန်းသိမ်းတ ယ် က မတ် က တာပါ။ http://nyilynnseck.blogspot.com c 1.1. Posting > Create ပုံ(၄) ပိုစ့်အသစ်တင်ခြင်း အထက်ပါပုံတွင် ပိုစ့်တစ်ခုတင်ခြင်းနှင့် ပတ်သတ်သော အရာအားလုံးကို ပြသထားပါသည်။ ကိုယ်ရိုက်ချင်သော စာသားများကို အပြာရောင် ပြထားသော နေရာတွင် ရိုက်ရပါမည်။ မြန်မာလို စာသားထည့်သွင်းခြင်းများအတွက် ဘလော့ဂါ အများစုက ဇော်ဂျီ ကီးဘုတ်နှင့် ဖောင့်ကို အသုံးပြုကြသည်။ ယင်းအကြောင်းကို နောက်ပိုင်း အခန်းတွင် ဆက်ရှင်းပြပါမည်။ စာရိုက်ပြီးသွားလျှင် မိမိ၏စာနှင့် သက်ဆိုင်သော ခေါင်းစဉ်ကို Title နေရာတွင် တပ်ပေးရပါမည်။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့် ကိုက်ညီသော နာမည်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကိုယ်က ခရီးသွားအတွေ့အကြုံတစ်ခု ရေးသားသည်ဆိုလျှင် Travel လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ ယင်းလေဘယ်လ် ပေးခြင်းသည် နောက်ပိုင်းတွင် မိမိ၏ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ခွဲခြားရာတွင် များပြုလုပ်လိုလျှင်လည်း အထူးအရေးပါသည်။ Text Editor တွင် ထို့ကြောင့် လွယ်ကူစွာ စာတစ်ပုဒ် ရေးပြီးတိုင်းတွင် အားလုံး ယင်းစာနှင့် ပတ်သတ်သော စာကို လေဘယ်များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်သည်။ စာသားများကို ဘယ်ကပ်၊ ညာကပ်၊ Text Alignment ပြောင်းလဲနိုင်သည်။ ပြီးသွားသော်လည်း အင်တာနက်ပေါ်သို့ ချက်ချင်း မတင်ချင်သေးဘူးဆိုလျှင် Save Now ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့် သိမ်းထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ ချက်ချင်း အင်တာနက်ပေါ် တိုက်ရိုက် တင်မည်ဆိုလျှင် Publish Post ဆိုသည်ကို နှိပ်လိုက်သည်နှင့် မိမိစာသည် ဘလော့ဂ်ပေါ် တင်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ယင်းသို့ စာရိုက်ရာတွင် ပုံများကိုလည်း ပူးတွဲ တင်ပြနိုင်သည်။ ယင်းသို့ ပုံတင်ရာတွင် ၂မျိုးရှိသည်။ မိမိ၏ ဘလော့ဂါ အကောင့်မှ ပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းနှင့် ဘလော့ဂါမဟုတ်သော အခြားအကောင့်မှပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းဟူ၍ ဖြစ်သည်။ http://nyilynnseck.blogspot.com မိမိ၏ ဘလော့ဂ် အကောင့်တွင် တိုက်ရိုက်တင်ခြင်း အခုမြှားပြထားတဲ့ ပေါ်လာပါလိမ့်မည်။ နေရာလေးမှာ ပုံတင်တဲ့ ခလုတ် ရှိပါတယ်။ အဲဒါကို နှိပ်လိုက်ရင် အောက်ကလို စာမျက်နှာတစ်ခု ပထမ ကိုယ်တင်ချင်တဲ့ ပုံကို စက်ထကနေ ရွေးပေးပါ။ တစ်ပုံထက် ပိုတယ်ဆိုရင် Add Another Image ဆိုတာလေးကိဲု နှိပ်ရပါမယ်။ ပုံကို ဘလော့ဂ်ပေါ်မှာ ဘယ်လို ပေါ်စေချင်သလဲ ဆိုတာကိုတော့ ဒုတိယ အဆင့် အနေနဲ့ ရွေးပေးရပါတယ်။ ဘယ်ဘက်မှာလား၊ ညာဘက်မှာလား စသည်ဖြင့်။ နောက်ဆုံးကတော့ Image Size ရွေးပေးရတာပါ။ စမ်းသပ်ချက်များအရ Medium ကအကောင်းဆုံးပါ။ အားလုံး ပြီးသွားရင် အောက်ဆုံးက Upload Image ဆိုတာကို နှိပ်ပေးလိုက်ပါ။ အထက်ပါကဲ့သို့ ပုံတင်ပြီးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေါ်လာလျှင် Done ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။ ပြီးလျှင် ယခင်အဆင့်တွင် ပြထားသကဲ့သို့ စာကို ပုံနှင့်တကွ မိမိဘလော့ဂ်ပေါ်သို့ Publish ကိုနှိပ်ပြီး တိုက်ရိုက် တင်နိုင်ပြီ ဖြစ်သည်။ http://nyilynnseck.blogspot.com 1.2. Edit Posts ယခု အပိုင်းမှာ ယခင် ရေးသွင်းထားပြီးသား ပိုစ့်များတွင် တစ်ခုခု အမှားအယွင်း ရှိလျှင်သော်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း ပြင်ဆင် တည်းဖြတ်မှု ပြန်လည် ပြုလုပ်လိုလျှင် အသုံးပြုရသည်။ အထက်ပါပုံတွင် Edit Posts ကဏ္ဍအောက်တွင် ရှိနေသော ပိုစ့် သုံးခုကို တွေ့ရမည် ဖြစ်သည်။ ယင်းပိုစ့်များထဲမှ တစ်ခုခုကို ပြင်ချင်လျှင် သက်ဆိုင်ရာပိုစ့်၏ ဘေးတွင် ရှိနေသော Edit ဆိုသည့် ခလုတ်ကို နှိပ်ပေးရန်သာ ဖြစ်သည်။ ထိုအခါ ယခင် တင်ခဲ့သော ပြင်ဆင်လိုသည့် ပိုစ့်သည် Create အဆင့်မှာကဲ့သို့ ပြန်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင်မှ ပုံအသစ်များ၊ စာသားအသစ်များ ထည့်သွင်းမည် ဆိုလျှင်လည်း ရသည်။ တင်ထားပြီးသား စာများ ပိုစ့်များကို ဖျက်မည်ဆိုလျှင်လည်း ရသည်။ ယင်းကဏ္ဍထဲတွင် ပိုစ့်များနှင့် သက်ဆိုင်သော Labels များကိုလည်း တွေ့နိုင်သည်။ 1.3. Moderate Comments ဘလော့ဂ်များတွင် ပိုစ့်တစ်ခုချင်းစီကို Comment မှတ်ချက် ပေးလို့ရသည်။ မည်သူမဆို ပေးလို့ရအောင် ခွင့်ပြုနိုင်သလို ကိုယ်ခွင့်ပြုလိုသူများကိုသာ မှတ်ချက်ပေးနိုင်အောင် သတ်မှတ်ပေးထားလို့လည်း ရသည်။ Blospotက အသင့်ပေးထားသော Comment System ကို အသုံးပြုလို့ ရသလို အခြားကိုယ်နှစ်သက်သော စနစ်ကို အသုံးပြုမည် ဆိုလျှင်လည်း အဆင်ပြေသည်။ ဤနေရာတွင်မူ Blogspot မှအသင့်ပေးထားသော ကွန်မန့် စနစ်အကြောင်းကိုသာ ရှင်းပြသွားပါမည်။ Moderate Comments ဆိုသည်မှာ Comments များကို ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ အခြားသူများကို မမြင်စေချင်သော အချို့ သော Comments များကို ခွင့်မပြုသေးဘဲ ဆိုင်းငံ့ထားနိုင်သည်။ ပယ်ဖျက် ပစ်နိုင်သည်။ သို့မဟုတ် ကိုယ့်ဘလော့ဂ်ကို http://nyilynnseck.blogspot.com ဖတ်ရှုသော မည်သူကိုမဆို Comments လုပ်ခွင့် ပေးနိုင်သလို၊ Comments ပေးနိုင်ခွင့်ကို သတ်မှတ်ထားသော သူများမှသာ ရရှိရန် သတ်မှတ်ပေးနိုင်သည်။ ယင်းသို့ ထိန်းချုပ်နိုင်ရန်အတွက်မူ မိမိဘလော့ဂ်၏ Comment စနစ်ကို Setting အောက်မှ Comments ကဏ္ဍတွင် သွားရောက် ပြင်ဆင်ပေးရမည် ဖြစ်သည်။ Blogger ၏ အသင့်သုံး မှတ်ချက် စနစ်မှာ လူတိုင်းကို မှတ်ချက်ပေးနိုင်အောင် ခွင့်ပြုထားသည်။ ထို့ကြောင့် ထိုစနစ်ကို သွား၍ မပြင်ဆင်သမျှ မိမိဘလော့ဂ်တွင် လူတိုင်းပေးသော မှတ်ချက်များကို အလိုအလျောက် ဖော်ပြနေမည် ဖြစ်သလို ယခု Posting>Moderate Comment ခလုတ်ကို နှိပ်လျှင်လည်း ဘာမှ မြင်ရမည် မဟုတ်ပေ။ Moderate လုပ်စရာ Comments မရှိဘူး ဟူ၍သာ ပြောပေလိမ့်မည်။ 2. Setting Setting ကဏ္ဍတွင် အပိုင်း (၇)ပိုင်း ရှိသည်။ 1. Basic 2. Publishing 3. Formatting 4. Comments 5. Archiving 6. Site Feed 7. Email 8. Permissions စသည်တို့ ဖြစ်သည်။ 2.1. Basic ယင်းကဏ္ဍသည် ဆိုဒ်တစ်ခုလုံး၏ အခြေခံ အဆင့်ဖြစ်သည်။ အဓိက အပိုင်း ကိုးပိုင်း ပါဝင်သည်။ ယင်းတို့မှာ 1. Title (ဘလော့ဂ် ခေါင်းစဉ်) 2. Description (ဘလော့ဂ် အကြောင်းအရာ) 3. Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား) 4. Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား) 5. Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား) 6. Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား) 7. Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တ့စနစ် ထားမှာလား)ဲ 8. Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား) 9. Delete your blog? (လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်မှာလား) http://nyilynnseck.blogspot.com 2.1.1. Title (ဘလော့ဂ် ခေါင်းစဉ်) သင့်ဘလော့ဂ်အတွက် ခေါင်းစဉ်ဖြစ်သည်။ မြန်မာလိုပေးပေး အင်္ဂလိပ်လိုပေးပေး ကြိုက်နှစ်သက်ရာကို ပေးလို့ ရပါသည်။ အချို့က ကိုယ့်နာမည် ပေးကြသလို၊ အချို့က ကဗျာဆန်ဆန် ပေးကြသည်။ ယင်း ခေါင်းစဉ်မှာ အချိန်မရွေး ပြောင်း၍ရသည်။ သို့ရာတွင် သတိတစ်ချက် ပြုရမည်မှာ ယင်းသို့ ပြောင်းလိုက်တိုင်း သင့်ဘလော့ဂ်သည် Search Engine တွင် အနေအထား ပြောင်းသွားတတ်သည်ကိုတော့ သတိပြုရမည် ဖြစ်သည်။ ယခုပြထားသော နမူဘလော့ဂ်အတွက် ခေါင်းစဉ်မှာ Sample Myanmar Blog ဟူ၍ ဖြစ်သည်။ http://nyilynnseck.blogspot.com 2.1.2. Description (ဘလော့ဂ် အကြောင်းအရာ) ယင်းနေရာတွင် ကိုယ်တည်ဆောက်ထားသော ဘလော့ဂ်အကြောင်းကို အကျဉ်းရေးရမည် ဖြစ်သည်။ စာလုံးရေ ၅၀၀ထက် မကျော်စေဘဲ ကိုယ့်ဘလော့ဂ်၏ အကြောင်းအရာကို ဖော်ပြရမည်။ 2.1.3. Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား) ထိုနေရာတွင် ယေဘုယျအားဖြင့် YES ကိုရွေးကြသည်။ ထိုသို့ ရွေးချယ်ခြင်းဖြင့် မိမိတို့ ဘလော့ဂ် Update လုပ်တိုင်း blogger.com ၏ အဖွင့်စာမျက်နှာတွင် သွားပေါ်နေမည် ဖြစ်သည်။ အခြားသူများမှလည်း မိမိတို့ ဘလော့ဂ်ကို မထင်မှတ်ဘဲ ရောက်လာနိုင်သည်။ 2.1.4. Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား) မိမိတည်ဆောက်ထားသော ဘလော့ဂ်သည် လျှို့ဝှက်ဘလော့ဂ် တစ်ခု မဟုတ်သလို၊ အခြားသူများကိုလည်း ပြသဖို့ ရည်ရွယ်သည် ဆိုလျှင် ယင်းနေရာတွင် YES ကိုရွေးချယ်ရမည် ဖြစ်သည်။ ယင်းသို့ ရွေးချယ်ခြင်းဖြင့် မိမိတို့ ပိုစ့်တစ်ခု ရေးသားလိုက်တိုင်း အလိုအလျောက် Blog Search Engine များကို အချက်ပေးပြီး Update လုပ်စေသည်။ အကယ်၍ NO ကိုရွေးချယ်မည် ဆိုလျှင် အခြားသူများက မိမိဘလော့ဂ်ကို မြင်တွေ့နိုင်သေးသော်လည်း Search Engine များက မိမိဘလော့ဂ်ကို လာရောက်မွှေနှောက်တော့မည် မဟုတ်ပေ။ ယေဘုယျအားဖြင့် YES ကိုရွေးချယ်ပါ။ 2.1.5. Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား) ယင်းနေရာတွင် YES ကိုရွေးချယ်မည်ဆိုလျှင် သင့် Account ကို ဝင်လိုက်သည်နှင့် ပိုစ့်တစ်ခုချင်းစီ၏ အောက်တွင် အလွယ်တကူ ပြုပြင်နိုင်သော Edit Button လေး ပေါ်နေမည် ဖြစ်သည်။ 2.1.6. Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား) ယင်းနေရာတွင် YES ကိုရွေးချယ်မည် ဆိုပါက စာဖတ်သူများက အခြားသူများကို အီးမေးလ်မှတဆင့် ၄င်းတို့ ကြိုက်သော ပိုစ့်များကို အလွယ်တကူ ပို့ပေးနိုင်သည်။ 2.1.7. Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တ့စနစ် ထားမှာလား)ဲ ထိုအရာမှာ Account ဘလော့ဂ်တစ်ခုတည်းသာမက ကို ဝင်လိုက်သည်နှင့် မိမိတို့၏ Account တစ်ခုတည်းဖြင့် ညာဘက် ဖန်တီးထားသော အပေါ်ထောင့်တွင် အခြားသော Compose မိမိတို့၏ ဆိုသော ဘလော့ဂ်များတွင်ပါ အကျိုးသက်ရောက်စေနိုင်သော စနစ်ဖြစ်သည်။ ယင်းနေရာတွင် YES ကိုရွေးချယ်မည် ဆိုပါက ဘလော့ဂ်တိုင်း၏ ခလုတ်လေးတစ်ခု ပေါ်လာမည် ဖြစ်သည်။ (ယင်းစနစ်မှာ အလွန်မြန်စွာ စာတစ်ပုဒ်ချင်းကို တင်နိုင်သောကြောင့် YES လုပ်သင့်သည်) 2.1.8. Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား) http://nyilynnseck.blogspot.com ယင်းမှာ ဘာသာစကား တစ်ခုမှ အခြားဘာသာစကား တစ်ခုသို့ အလွယ်တကူ အလိုအလျောက် ပြောင်းပေးနိုင်သော စနစ်ဖြစ်သည်။ သို့ရာတွင် လောလောဆယ် အနေအထားအရ မြန်မာစာ မပါရှိသေးသောကြောင့် ယင်းကို NO ဟုပေးထားလျှင်လည်း အဆင်ပြေသည်။ 2.1.9. Delete your blog? (လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်မှာလား) ထိုခလုတ်မှာ အကြောင်း အမျိုးမျိုးကြောင့် မိမိတို့ ဖန်တီးထားသော ဘလော့ဂ်များကို ဖျက်လိုသည့်အခါ အသုံးပြုရန် ဖြစ်သည်။ သတိပြုရန်မှာ ယင်းသို့ ဖျက်လိုက်သည်နှင့် တပြိုင်နက် ဖန်တီးထားသော စနစ်အားလုံး ပျက်သွားမည် ဖြစ်သည်။ ထို့အပြင် ထိုသို့ ဖျက်လိုက်သည်နှင့် Search Engine များတွင် မှတ်ထားသော မိမိ ဘလော့ဂ်နှင့် ဆိုင်သည့် အချက်အလက်များလည်း ပျက်သွားမည် ဖြစ်သည်။ 2.2. Publishing Publishing ကဏ္ဍတွင် အဓိက အပိုင်း နှစ်ခုသာ ရှိသည်။ 1. Custom Domain 2. Blogspot Address 2.2.1 Custom Domain ယင်းအပိုင်းမှာ ကိုယ်ပိုင် ပိုက်ဆိုက်ပေးပြီး ဝယ်ထားသော Hosting များသို့ မိမိတို့ ဘလော့ဂ်ကို ရွှေ့ပြောင်းရာတွင် အသုံးပြုသော စနစ်ဖြစ်သည်။ (ထိုစနစ်အကြောင်းကို ဤနေရာတွင် ချန်လှပ်ထားပြီး Blogspot တွင် အခမဲ့ သုံး၍ရသော စနစ်ကိုသာ ဆက်လက် ပြောပြသွားပါမည်။) http://nyilynnseck.blogspot.com 2.2.2. Blogspot Address အထက်ပါပုံတွင် အနီရောင် အမှတ်အသား ပြထားသော နေရာတွင် မိမိတို့ ဘလော့ဂ်လိပ်စာကို ထည့်သွင်းပေးရမည် ဖြစ်သည်။ ထိုလိပ်စာမှာ အချိန်မရွေး နှစ်သက်သလို ပြောင်းလဲ၍ ရသော်လည်း ကိုယ်ပေးပြီးသား တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသွားသည့် အခါတိုင်း Search Engine များတွင် မိမိတို့ ဘလော့ဂ်နှင့် ပတ်သတ်သော အချက်အလက်များ ပျောက်ဆုံး သွားနိုင်ပေသည်။ ယင်း လိပ်စာမှာ အင်တာနက် အသုံးပြုသူများက Address Bar တွင် ရိုက်ပြီး ရှာဖွေရမည် ဖြစ်သောကြောင့် တိုတိုနှင့် လိုရင်းကိုသာ ပေးသင့်သည်။ ယခု နမူနာပြထားသော ဘလော့ဂ်အတွက်လိပ်စာမှာ http://samplemyanmar.blogspot.com ဟူ၍ ဖြစ်သည်။ 2.3. Formatting http://nyilynnseck.blogspot.com Formatting တွင် အကြောင်းအရာ ၁၂မျိုးကို သတ်မှတ် ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။ 1. Show 2. Date Header Format 3. Archive Index Date Format 4. Timestamp Format 5. Time Zone 6. Language 7. Convert Line Breaks 8. Show Title Filed 9. Show Link Field 10. Enable Float Alignment 11. Post Template 2.3.1. Show မိမိတို့ ဘလော့ဂ်၏ စာမျက်နှာ တစ်ခုစီတွင် ပိုစ့် ဘယ်နှစ်ခု ပေါ်စေလိုသည်ကို ရွေးပေးရန် ဖြစ်သည်။ 2.3.2. Date Header Format ပိုစ့် တစ်ခုချင်းစီကို မည်သည့် အချိန်တွင် ရေးသားခဲ့သည် ဆိုသည်ကို ပြသပေးသော ရက်စွဲပုံစံ ဖြစ်သည်။ 2.3.3. Archive Index Date Format လစဉ်၊ နှစ်စဉ် ယခင်က ရေးသားခဲ့သော ပိုစ့်များမှာ သက်ဆိုင်ရာ ပိုစ့်များ နေ့ရက်အလိုက်၊ လအလိုက် အလိုအလျောက် သတ်မှတ်ပေးသော သိမ်းဆည်းထားပြီး စနစ်ဖြစ်သည်။ ဖြစ်သည်။ ယင်းသိမ်းဆည်းထားသော မည်က့သိုဲ့ ပြသစေလိုသည်ကို 2.3.4. Timestamp Format ကိုယ်ပြချင်သော အချိန်စနစ်ကို ရွေးချယ်ပေးလို့ ရသည်။ 2.3.5. Time Zone ကိုယ်နေထိုင်သော ဒေသကို ရွေးချယ်ပေးရမည်။ ယင်းသို့ရွေးချယ်ရာတွင် GMT (+)(-) ဖြင့် ရွေးချယ်ပေးရမည်ဖြစ်ရာ မြန်မာပြည်အတွက်ဆိုလျှင် (GMT+6:30 Rangoon) ကို ရွေးပေးရမည် ဖြစ်သည်။ 2.3.6. Language ကိုယ်အသုံးပြုသော ဘာသာစကားကို ရွေးချယ်ပေးရပါမည်။ http://nyilynnseck.blogspot.com 2.3.7. Convert Line Breaks ယင်းနေရာတွင် YES ကိုရွေးချယ်မည်ဆိုလျှင် မိမိတို့ စာရိုက်သည့်အခါ Enter ခေါက်လိုက်သည့် အခါတိုင်း Html ကုဒ်တွင် 
တစ်ကြောင်း အလိုအလျောက် ဆင်းပေးသွားမည် ဖြစ်သည်။ NO ကိုရွေးချယ်ထားမိပါက စာကြောင်းများအားလုံး အပြတ်အတောက် မရှိဘဲ တဆက်တည်း ဖြစ်သွားမည် ဖြစ်သည်။ ယေဘုယျအားဖြင့် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။ 2.3.8. Show Title Field ပိုစ့်တစ်ခုချင်းစီအတွက် သက်ဆိုင်ရာခေါင်းစဉ် တပ်ပေးနိုင်ရန် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။ 2.3.9. Show Link Field ကိုယ်ရေးသားထားသော ပိုစ့်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ အခြားသောလင့်ခ်ကို ညွှန်းဆိုချင်ပါက အဆင်သင့် ထည့်သွင်းနိုင်ရန် ယင်းနေရာတွင် YES ကိုရွေးချယ်ပါ။ 2.3.10. Enable Float Alignment ပိုစ့်တစ်ခုကို စာသားနှင့် ပုံများ တွဲဖက် ရေးသားသည့်အခါ အဆင်မပြေ ဖြစ်ခဲ့လျှင် ယင်းနေရာတွင် NO ကိုရွေးချယ်ပါ။ သို့တည်းမဟုတ် ကိုသုံးစွဲပါက YES ကိုရွေးပါ။ 2.3.11. Post Template ယင်းနေရာတွင် စာသားကို Signature အနေဖြင့်သော်လည်းကောင်း၊ ရုပ်ပုံလေးများကိုလည်းကောင်း အသင့်ထည့်ထားနိုင်သည်။ ယင်းသို့ ထည့်ထားခြင်းအားဖြင့် ကိုယ်စာတစ်ပုဒ် ရေးမည်ဟု Compose လုပ်လိုက်တိုင်း Text Editor တွင် ထိုစာလေးများ၊ အရုပ်လေးများ အလိုအလျောက် ပေါ်နေမည် ဖြစ်သည်။ 2.4. Comments 1. Comments 2. Who can comment? 3. Comments Default for Posts? 4. Backlinks 5. Backlinks Default for Posts 6. Comments Timestamp Format 7. Comment Form Message 8. Show Comments in Pop Up window? 9. Enable Comment Moderation? http://nyilynnseck.blogspot.com 10. Show word Verification for Comments? 11. Show profile images on comments? 12. Comment notification Address http://nyilynnseck.blogspot.com 2.4.1. Comments ဘလော့ဂ် ဖတ်ရှုသူများကို ကွန်မန့် ပေးစေလိုလျှင် ယင်းနေရာတွင် Show ကိုရွေးချယ်ပေးရမယ်။ Hide ကိုရွေးချယ်ထားလျှင် မည်သူမျှ ကွန်မန့် ပေးနိုင်မည် မဟုတ်ပေ။ 2.4.2. Who can comment? ကွန်မန့်ကို မည်သူများက ပေးနိုင်သည်ကို ကန့်သတ်ခြင်း ဖြစ်သည်။ Anyone ကိုရွေးချယ်လျှင် ဘလော့ဂ်ဖတ်သူ မည်သူမဆို ကွန်မန့်ပေး၍ ရသည်။ Register လုပ်ထားသူများကိုသာ ခွင့်ပြုမည်ဆိုလျှင် ဒုတိယ တစ်ခုကို ရွေးရမည် ဖြစ်သည်။ တတိယ တစ်ခုမှာ ဂူးဂယ်လ်အကောင့် တစ်ခု ရှိသူတိုင်း ပေးနိုင်သည်။ နောက်ဆုံး တစ်ခုကတော့ ကိုယ့်ဘလော့ဂ် မန်ဘာ အချင်းချင်းသာ ပေးနိုင်သော စနစ်ဖြစ်သည်။ (Anyone ကိုရွေးချယ်လျှင် ကွန်မန့်များတွင် Spam များ ဝင်ရောက်ခြင်း ဖြစ်ပေါ်စေနိုင်သည်) 2.4.3. Comments Default for Posts? ပိုစ့် တစ်ခုချင်းစီအတွက် ကွန်မန့် ပေးနိုင်အောင် New Posts Have Comments ဆိုသည်ကို ရွေးချယ်ပေးရပါမည်။ 2.4.4. Backlinks ပိုစ့်တိုင်းတွင် ဘက်ခ်လင့်ခ်များ ပေါ်စေရန် Show ကိုရွေးချယ်ပေးရမည်။ 2.4.5. Backlinks Default for Posts ယင်းစနစ်မှာ ကိုယ့်ပိုစ့်ကို မည်သည့်ဘလော့ဂ်က လင့်ခ်ချိတ်ထားသည်၊ ကိုယ်က မည်သူနှင့် ချိတ်ထားသည်ကို စီမံပေးသော စနစ်ဖြစ်သည်။ Track Back စနစ် ဆန်ဆန် ဖြစ်သည်။ 2.4.6. Comments Timestamp Format ကွန်မန့်ပေးချိန်ကို မှတ်သားသည့် စနစ်ဖြစ်သည်။ ကိုယ်နှစ်သက်သလို ရွေးနိုင်သည်။ 2.4.7. Comment Form Message ကိုယ့် ကွန်မန့်ဘောက်စ်တွင် ကိုယ်ပြောလိုသော အရာများကို ရေးသားထည့်သွင်း ထားနိုင်သည်။ 2.4.8. Show Comments in Pop Up window? ကွန်မန့်ကို နှိပ်လိုက်သောအခါ မူလပိုစ့်ကို မထိခိုက်စေဘဲ Popup ဝင်းဒိုး အသစ်တစ်ခု အနေဖြင့် ပေးစေခြင်း ဖြစ်သည်။ အချို့သော စက်များတွင် Popup စနစ်ကို အလိုအလျောက် ပိတ်တတ်သောကြောင့် ကွန်မန့် ပေးလို့ မရခြင်းမျိုးလည်း ဖြစ်နိုင်သည်။ http://nyilynnseck.blogspot.com 2.4.9. Enable Comment Moderation? ယင်းစနစ်တွင် YES ကိုရွေးချယ်ထားပါက အခြားသူများပေးသော ကွန်မန့်များသည် ချက်ခြင်း ပေါ်မည် မဟုတ်ဘဲ မိမိက ခွင့်ပြုမှသာ ပေါ်လာမည် ဖြစ်သည်။ ယင်းအကြောင်းကို အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။ 2.4.10. Show word Verification for Comments? ထိုစနစ်မှာ ကွန်မန့်များကို Spammer များ တိုက်ခိုက်ခြင်း မပြုနိုင်အောင် ကာကွယ်ထားသော စနစ်ဖြစ်သည်။ ယင်းစနစ်တွင် YES ကိုရွေးချယ်ထားပါက ကွန်မန့် ပေးမည့်သူတိုင်း ထိုနေရာတွင် ဖော်ပြလာသော အလိုအလျောက် စာလုံးလေးများကို မြင်သည့်အတိုင်း ရိုက်သွင်းပေးရမည် ဖြစ်သည်။ 2.4.11. Show profile images on comments? ယင်းနေရာတွင် YES ကိုရွေးချယ်ထားပါက မိမိတို့၏ ပရိုဖိုင်တွင် တင်ထားသော ဓာတ်ပုံသည် အဆိုပါ ကွန်မန့်နှင့်အတူ ပေါ်နေမည် ဖြစ်သည်။   2.4.12. Comment notification Address မိမိထံကို ကွန့်မန့် ရောက်နေကြောင်းကို အလိုအလျောက် အသိပေးနိုင်ရန် မိမိ အသုံးပြုနေသော အီးမေးလ် လိပ်စာကို ထည့်သွင်းပေးရမည်။ 2.5. Archiving http://nyilynnseck.blogspot.com • • Archive Frequency Enable Post Pages 2.5.1. Archive Frequency ယင်းမှာ မိမိတို့ ရေးသားထားသော ပို့စ်အဟောင်းများကို မည်သည့် ပုံစံဖြင့် ဖော်ပြမည်၊ သိမ်းဆည်မည်ကို လုပ်ပေးသော စနစ်ဖြစ်သည်။ ယင်းတွင် Weekly ကိုရွေးချယ်ပါက မိမိ၏ ပိုစ့်များကို တစ်ပတ်တစ်ခါ ပုံစံဖြင့် သိမ်းဆည်းပါသည်။ ယေဘုယျအားဖြင့် Monthly သည် အဆင်အပြေဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ 2.5.2. Enable Post Pages ယင်းနေရာတွင် YES ကိုရွေးချယ်ခြင်းဖြင့် မိမိတို့၏ ပိုစ့်တစ်ခုချင်းစီအတွက် သီးခြား ဝဘ်ပေ့ခ်ျ တစ်ခုပုံစံ ရရှိနိုင်သည်။ ထို့အပြင် ထိုပိုစ့်ကို အခြားသူများထံသို့ အီးမေးလ်ဖြင့် ပို့ပေးနိုင်မည် ဖြစ်သည်။ 2.6. Site Feed ယင်းစနစ်မှာ RSS Reader များအတွက် ဖြစ်သည်။ ယင်းနေရာတွင် Full ကိုရွေးချယ်ထားခြင်းဖြင့် RSS Reader များဖြင့်လည်း သင့်ဘလော့ဂ်ကို မည်သည့်နေရာမှမဆို လွယ်လွယ်ကူကူ ဖတ်ရှုနိုင်သည်။ http://nyilynnseck.blogspot.com 2.7. Email ဘလော့ဂ်တင် ပိုစ့်များကို အီးမေးလ် အသုံးပြု၍လည်း ရေးသားနိုင်သည်။ ပထမ Blog Send Address တွင် သင့်အီးမေးလ်ကွို ထည့်သွင်းပေးခြင်းဖြင့် သင် ပိုစ့်တစ်ခု အသစ်တင်တိုင်းတင်တိုင်း ကိုယ့်အီးမေးလ်တွင်လည်း Backup အနေဖြင့် ရောက်လာမည် ဖြစ်သည်။ ဒုတိယ Mail to Blogger Address တွင်မူ နာမည်တစ်ခုကို ထည့်သင်းပေးရမည်။ ယခု နမူနာ ပြထားသွော ဘလော့ဂ်အတွက် အီးမေးလ် အကောင့်မှာ lynnseck.samplemyanmar@blogger.com ဖြစ်သည်။ ကိုယ်ပို့လိုသော ပိုစ့်ကို အထက်က ပေးထားသော လိပ်စာသို့ ပို့မည်ဆိုပါက ဘလော့ဂ်တွင် ချက်ချင်း တက်လာမည် ဖြစ်သည်။ 2.8. Permissions http://nyilynnseck.blogspot.com ဘလော့ဂ် တစ်ခုတည်းကို လူအများကြီး ဝိုင်းရေးလိုပါက ယင်းနေရာတွင် ထည့်သွင်းပေးရမည် ဖြစ်သည်။ ထို့အပြင် မိမိတို့၏ ဘလော့ဂ်ကို အခြားသူများ မဖတ်စေလိုပါကလည်း ယင်းနေရာမှ ကန့်သတ်ထားနိုင်သည်။ 3.0 Template အင်တာနက်ပေါ်တွင် မျက်စိဖြင့် မြင်နေရသော ဝဘ်ဆိုဒ်တိုင်းကို တန်းပလိတ်များဖြင့် ဖွ့စည်း တည်ဆောက်ထားသည်။ဲ အလွယ်အားဖြင့် ဆိုရလျှင် အိမ်ခန်း တစ်ခု အတွင်းရှိ အပြင်အဆင်၊ အထားအသို၊ ပရိဘောဂများ ဖြစ်သည်။ မည်သည့် နေရာတွင် မည်သည့်အရာများ ထားမည်ဆိုသော Decoration ပြင်ဆင်ခြင်း တစ်ခုလည်း ဖြစ်သည်။ ယင်းသို့ ပြင်ဆင် တည်ဆောက်ရာတွင် ကွန်ပျူတာ ဝဘ်ဘာသာစကားကို ကျွမ်းကျင်ပါက မိမိတို့ဘလော့ဂ်ကို မိမိတို့ စိတ်တိုင်းကျ ကိုယ်တိုင် တည်ဆောက်နိုင်မည် ဖြစ်ပြီး၊ ထိုဘာသာစကား မကျွမ်းကျင်ပါက အခြားသူများ အသင့် ဖန်တီးပေးထားသော တန်းပလိတ်များကို အခမဲ့ အဆင်သင့် သုံးစွဲနိုင်ပေသည်။ တန်းပလိတ် ကဏ္ဍတွင် အဓိကအပိုင်း ၄ပိုင်း ပါဝင်သည်။ 1. Page Elements 2. Fonts and Colors 3. Edit Html 4. Pick New Template 3.1. Page Elements http://nyilynnseck.blogspot.com Page Elements ကိုနားလည် ပြင်ဆင်နိုင်ရန် အောက်ပါ အခြေခံ အချက်လေးများကိုတော့ မရှိမဖြစ် သိထားရမည် ဖြစ်သည်။ ယေဘုယျအားဖြင့် အပေါ်ဆုံး အပိုင်းကို Navbar ဟုခေါ်သည်။ အပြာရောင်ပြထားသော နေရာမှာ Header ဖြစ်သည်။ ယင်းနေရာတွင် ဘလော့ဂ်နာမည်၊ ဘလော့ဂ်အကြောင်းအရာ စသည်တို့ကို ရေးသားနိုင်သည်။ အဝါရောင် နေရာမှာ Post Body ဖြစ်သည်။ ယင်းနေရာတွင် ကိုယ့်ပိုစ့်ကို မည်သည့်ပုံစံဖြင့် ပေါ်စေချင်သည်ကို ပြုပြင်ပေးရသည်။ အစိမ်းရောင် နေရာမှာ Sidebar ဖြစ်သည်။ ယင်းနေရာတွင် Poll, Links, Addons, Gadget, Shout Box စသည်တို့ကို ထည့်သွင်း တတ်ကြသည်။ ဆိုဒ်ဘားမှာ ရွေးချယ်ထားသော တန်းပလိတ်ကို လိုက်ပြီး အချို့တွင် တစ်ခု၊ အချို့တွင် နှစ်ခု၊ အချို့တွင် ဘယ်ဘက်၊ အချို့တွင် ဘယ်ညာ စသည်ဖြင့် ရှိတတ်သည်။ ယင်းသို့ ကွဲပြားသော အစိတ်အပိုင်းများအလိုက် ပြင်ဆင်သည့် နေရာများလည်း ကွဲပြားသည်။ 3.1.1. Edit Sidebar အထက်မှာ ပြောခဲ့သလိုပဲ ဆိုဒ်ဘားမှာ ကိုယ်သဘောကျတာလေးတွေ ထည့်သွင်းလို့ ရပါတယ်။ ဒီနေရာမှာတော့ အဓိကကျတဲ့ HTML/JAVA ကုဒ်ထည့်သွင်းတာနဲ့ သက်ဆိုင်တဲ့ Shout Box ထည့်သွင်းပုံကို နမူနာ ပြသွားပါမယ်။ ဘလော့ဂ်တင် Shout Box ထည့်သွင်းခြင်ွး Shout Box ကို Sidebar များတွင် အဓိက ထည့်သွင်းတတ်ကြသည်။ Shout Box ဆိုသည်မှာ အလွယ်တကူ မှတ်ချက် ပေးလို့ရသော Comment ပုံစံ Application တစ်ခုပင် ဖြစ်သည်။ ယင်းစနစ်ကို Blogger တွင် အသင့် ပေးမထားသေးချေ။ ထို့ကြောင့် ယင်းကို ထည့်သွင်းလိုပါက အခြားနေရာမှ ယူရသည်။ (ဥပမာ- www.cbox.ws) • • • ထိုဝဘ်ဆိုဒ်တွင် အကောင့်တစ်ခု ဖွင့်ပါ။ မိမိတို့ နှစ်သက်သော Shout Box ပုံစံကို ပြုလုပ်ပါ။ Html, Java ကုဒ်ကို ရယူပါ http://nyilynnseck.blogspot.com မိမိတို့၏ ဘလော့ဂါ အကောင့်ကို ဝင်ပါ။ Layout/Setting-- Page Elements ကိုရွေးပါ။ ညာဘက်တင် တွေ့ရသော Sidebar နေရာမှ Add a Page Element ဆိုသော အရာကို နှိပ်ပါ။ အောက်ပါကဲ့သို့ တွေ့ရမည်ွ ဖြစ်သည်။ http://nyilynnseck.blogspot.com ထိုအရာများထဲတွင် Shout Box မှရယူထားသော ကုဒ်များကို ထည့်သွင်းမည် ဖြစ်သောကြောင့် HTML/JAVA ဆိုသော အရာကို ရွေးချယ်ပါ။ အောက်ပါကဲ့သို့ ပေါ်လာမည် ဖြစ်သည်။ ခေါင်းစဉ်နေရာတွင် ကိုယ်ကြိုက်သလို ပေးပြီး www.cbox.ws တွင် မိမိပြုလုပ်ထားသော အကောင့်မှ ကုဒ်များကို Content နေရာတွင် ထည့်သွင်းပေးရမည် ဖြစ်သည်။ http://nyilynnseck.blogspot.com ထိုသို့ ထည့်သွင်းပြီးသည်နှင့် သင့်ဘလော့ဂ်၏ Sidebar တွင် Shout Box ကို အသုံးပြုနိုင်မည် ဖြစ်ပေသည်။ အခြားသော HTML/JAVA ကုဒ်များကိုလည်း ယင်းအတိုင်း ထည့်သွင်းပြီး Application များကို အသုံးချနိုင်သည်။ သူငယ်ချင်း အချင်းချင်း လင့်ခ်များ ချိတ်ဆက်ခြင်း၊ ဓာတ်ပုံထည့်သင်းခြင်း စသော အခြားအရာများကိုလည်း Add a Page Elements တွင်ွ သက်ဆိုင်ရာကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပေသည်။ 3.1.2. Edit Blog Post ယခုအပိုင်းမှာ Post Body ကို အပေါ်ယံ ပြင်ဆင်ခြင်း ဖြစ်သည်။ အကြမ်းဖျင်း ဆိုရသော် ကိုယ့်ဘလော့ဂ်ပိုစ့် တစ်ခုချင်းစီကို ကိုယ်ပြချင်သလို (မှတ်ချက်ပြနိုင်အောင် ပြင်ဆင်ခြင်း ကောင်းမွန်စွာ ဖြစ်သည်။ ယင်းကို ပြင်ဆင်ရန် Page Element တွင် Post Edit ကိုရွေးချယ်ပေးရမည်။ ထို့နောက် ကိုယ်ပြင်ဆင်လိုသည်များကို သက်ဆိုင်ရာ အပိုင်းအလိုက် ပြင်ဆင်နိုင်မည် ဖြစ်သည်။ မြန်မာစာလုံးများ ပေါ်စေရန်နှင့် အခြားသော ဘလော့ဂ်ပိုစ့် အကျယ်ကို တိုးချဲ့ခြင်း၊ အရောင်ပြောင်းခြင်း စသည်တို့မှာ ယင်းနေရာမှ လုပ်ကိုင်နိုင်ခြင်း မရှိပါ) ထိုနည်းတူစွာ Edit Header, Edit Navbar, Edit Footer စသည်တို့ကိုလည်း ပြုပြင်နိုင်ပေသည်။ http://nyilynnseck.blogspot.com 3.2. Fonts and Colors ဘလော့ဂ်၏ နောက်ခံအရောင်၊ စာသားအရောင် စာလုံးအကြီးအသေး စသည်တို့ကို ရွေးချယ်ပေးရသော နေရာဖြစ်သည်။ ကိုယ်ပြောင်းချင်သည်များကို ပြောင်းပြီး စိတ်တိုင်းကျသည်နှင့် Save Changes ခလုတ်လေးကို နှိပ်ဖို့ လိုအပ်ပါမည်။ 3.3. Edit HTML http://nyilynnseck.blogspot.com Edit HTML အပိုင်းသည် ဘလော့ဂ်တစ်ခုလုံးတွင် အရေးအကြီးဆုံး အပိုင်းတစ်ခုပင် ဖြစ်သည်။ ဘလော့ဂ်ကို ခုတ်မောင်းနေသော ယန္တယားကြီး ဖြစ်သလို၊ အခြား စနစ်များ အားလုံးလိုလို၏ ဌာနချုပ်ကြီးလည်း ဖြစ်သည်။ ကိုယ့်ဘလော့ဂ်ကို အလှဆင်နိုင်သည့် လိုအပ်သလို ပြုပြင်နိုင်သည့် နေရာလည်း ဖြစ်သည်။ ယင်းအပိုင်းကို ပြုပြင်နိုင်ရန် CSS, HTML, XML ကုဒ်များကို အနည်းအကျဉ်း နားလည်ထားဖို့ လိုအပ်ပါမည်။ လုံးဝ နားမလည်ဘူးဆိုလျှင် ထိုအပိုင်းကို ပြင်ဆင်ခြင်းကို အထူးဂရုပြုသင့်သည်။ ယင်းအပိုင်းတွင် လုပ်ဆောင်ချက် နှစ်ခုရှိသည်။ ပထမ တစ်ခုမှာ အခြားအသင့်ရေးထားသော ကုဒ်များ၊ ဘလော့ဂ် တန်းပလိတ်များကို အသင့်ယူသုံးခြင်း ဖြစ်ပြီး၊ ဒုတိယ တစ်ခုမှာ မိမိတို့ကိုယ်တိုင် ထိုကုဒ်များ ၀င်ရောက် ရေးသားခြင်း၊ ပြုပြင် ဖြည့်စွက်ခြင်း၊ ချိန်ညှိခြင်း စသည်တို့ ဖြစ်သည်။ ပထမ လုပ်ဆောင်ချက် Upload Template မှာ မခက်ခဲပါ။ ဂူဂဲလ်တွင် Blogger Template ဆိုပြီး ရှာလိုက်လျှင် အခြားသူများ ရေးသားထားသော အသင့်သုံး တန်းပလိတ်ဆိုဒ်များ ကျလာပါလိမ့်မည်။ ယင်းတို့ အထဲမှ ကိုယ်နှစ်သက်ရာ တန်းပလိတ်တွေ့လျှင် ဒေါင်းလုဒ် လုပ်ယူပြီး ဖိုင်ကို စက်ထဲတွင် သိမ်းထားပါ။ ထို့နောက် ယခုနေရာမှနေပြီး ယင်းဖိုင်ကို ပြန်လည် Upload လုပ်ယူခြင်းဖြင့် ကိုယ်နှစ်သက်သော ဒီဇိုင်းကို ရရှိနိုင်သည်။ ဒုတိယပိုင်းမှာ အတန်သင့် ခက်ခဲသောကြောင့် နောက်ပိုင်းမှ အကျယ်တဝင့် ဆက်လက် ရှင်းလင်းပြသ သွားပါမည်။ လောလောဆယ်တွင် မြန်မာစာ ရိုက်ကူးရန်နှင့် မြန်မာစာလုံးများ ကောင်းကောင်းမွန်မွန် ပေါ်စေရန် အလွယ်ဆုံး နည်းလမ်းကိုသာ ပြောပြသွားမည်။ ယင်းအပိုင်းတွင် မိမိ၏ ဘလော့ဂ် အကျယ်အဝန်း ချဲ့ခြင်း၊ တန်းပလိတ် ပြုပြင်းခြင်း အစရှိသော အသေးစိတ် အချက်အလက်များ လုပ်ကိုင်နိုင်သည်ကို မှတ်သားထားစေလိုပါသည်။ မြန်မာဖောင့်ကို ကြေငြာခြင်း ယင်းစာမျက်နှာတွင် Expand Widget Template ဆိုသောနေရာတွင် Check လုပ်ပေးပြီး font-family ဆိုသော နေရာများကို ကုဒ်များအတွင်း လိုက်လံ ရှာဖွေပါ။ font-family: “Arial”, Sans-Serif, alba; စသည်ဖြင့် တွေ့ပါလိမ့်မည်။ ယင်းနေရာများတွင် အချို့သော ယခုပြထားသော တန်းပလိတ်များတွင် “Arial” Arial နေရာတွင် မဟုတ်ဘဲ “Zawgyi-One” အခြားသော ကိုပြောင်းလဲ ထည့်သွင်းပေးရန် လိုအပ်ပါမည်။ ဖောင့်များလည်း ဖြစ်နေနိုင်သည်။ မည်သည့်ဖောင့် ဖြစ်စေ၊ ယင်းနေရာတွင် Zawgyi-One နှင့် အစားထိုးပေးရန်သာ ဖြစ်သည်။ သို့မဟုတ် မြန်မာစာပေါ်ရန် variable များပြောင်းခြင်း Edit Html တွင် Option>Content ကိုရွေးချယ်ပါ Defaut Font ကို Zawgyi-One ဟု ရွေးချယ်ပါ။ ထို့နောက် ဘေးမှ Advanced ကိုသွားပါ။ http://nyilynnseck.blogspot.com ပြီးလျှင် အထက်ပါကဲ့သို့ ရွေးချယ်ပေးရပါမည်။ အပိုင်းတစ် ဘလော့ဂ်အခြေခံတည်ဆောက်ခြင်း ပြီးပါပြီ ညီလင်းဆက် http://nyilynnseck.blogspot.com မှတ်ချက် မည်သူမဆို အခမဲ့ ဒေါင်းလုဒ် ရယူနိုင်သည်။ အခမဲ့ ဖြန့်ချိနိုင်သည်။ အခမဲ့ ပြင်ဆင်နိုင်သည်။ အခမဲ့ မှီငြမ်း ကိုးကားနိုင်သည်။ အခမဲ့ ဖြည့်စွက်နိုင်သည်။ အမှားများရှိခဲ့လျှင် ထောက်ပြ ပြင်ဆင်ပေးရန်လည်း ဖိတ်ခေါ်ပါသည်။ ဘလော့ဂ် အကြောင်း လုံးမမတတ်ကျွမ်းသူ တစ်ယောက်အတွက် ဘလော့ဂ်တစ်ခု လွယ်လွယ်ကူကူ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ပြီး ရေးသားထားခြင်း ဖြစ်သည်။ အခြားသူများကို ဖြန့်ဝေပေးခြင်းဖြင့် မြန်မာဘလော့ဂါများ တိုးပွားလာအောင် ကူညီကြစေလိုပါသည်။ ဘလော့ဂ်တစ်ခု ဖန်တီးပြီးသွားသည့်အခါ http://myanmarblogdirectory.blogspot.com တွင်သင့်ဘလော့ဂ်ကို ထည့်သွင်းခြင်းဖြင့် မြန်မာဘလော့ဂ် လမ်းညွှန် ကိုလည်း ကူညီနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ပူးတွဲလေ့လာရန် စေတန်ဂေါ့၏ Making Blog အီးဘွခ် (အသေးစိတ် အချက်အလက်များကို ဖတ်ရှုနိုင်မည်) http://www.mediafire.com/?4ynnm4nnjtm http://saturngod.blogspot.com/2007/06/making-blog.html http://nyilynnseck.blogspot.com


Credit to original post