Featured Post

Thursday, December 24, 2015

SMA ၃ကြောင်းနည်း

 simple is safe ဆိုသလို။ Forex မှာအသုံးအများဆုံးနဲ့ strategy များရဲ့ အခြေခံဖြစ်သော Moving Average ကိုအသုံးပြုပြီ trade တဲ့ နည်းတစ်ခုကို အင်တာနက်ဝက်ဆိုဒ်တခုတွင် ဖေါ်ပြထားတာကို ပြန်လည်မျှဝေပေးပါရစေ။
- ဒီ strategy ကိုမူရင်းဆိုဒ်မှာတော့ Slow Moving Averages (SMA) Crossover Forex Strategy လို့ခေါ်ထားပါတယ်။ Strategy အတော်များများဟာ trend ကိုလိုက်ပြီ ပုံဖေါ်ကြတာများပါတယ်။ ခုနညကလည်း Market Trend ကိုကြည့်ပြီ ဆောင်ရွက်ရတာပဲဖြစ်ပါတယ်။ ခု strategy ထဲမှာဆိုရင် Simple Moving Average ၃ကြောင်း ထိမိ ဖြတ်ကျော်တာကို စောင့်ပြီ Entry လုပ်ရတာဖြစ်တော့ အချိန်တစ်ခုတော့ လိုပါလိမ့်မယ်။
- ဘယ်လိုဖြစ်ပါစေ တနေ့ တစ်ကြိမ်ပဲ trade လို့ရရင်လည်း အဲဒီတစ်ကြိမ်က သေချာတဲ့ အမြတ်ဖြစ်စေဖို့ ခု strategy ကိုအသုံးပြုနိုင်ပါတယ်။
- ကဲ ကျွန်တော်တို့ ဆက်ကြည့်လိုက်ရအောင်ပါ။
(1) အခြေခံ Setting ချခြင်း
‪#‎Simple‬ Moving Average 3 ကြောင်းကို Period 13, 26, 100 နဲ့ Setting ၃ခုထည့်ရပါမယ်။
‪#‎Time‬ frame ကတော့ 1 Hour ကိုအနည်းဆုံးအသုံးပြုရပါမယ်။
‪#‎မည်သည့်‬ Currency Pair နှင့် မည်သည့် Trading Session မှာမဆို အသုံးပြုလို့ရပါသည်။
(2) Buy order ဝင်ခြင်း
- 26SMA က 100 SMA ကို အောက်ကနေ အထက်သို့ ဖောက်တက်သောအချိန်
- 13SMA က 26SMA နှင့် 100SMA တို့ကို အောက်ကနေ အထက်သို့ ဖေါက်ထွက်သောအခြေအနေ။
- ဒီလိုအခြေနေမှာ BUY ORDER ပေးလို့ရပါတယ်။
‪#‎SL‬ (STOP LOSS) ကိုတော့ ဒီလိုမဖေါက်ထွက်ခင် ရှေ့ CANDLE တစ်တုံး၏ အောက် PIP အနည်းငယ်ထားသင့်ပါတယ်။ ဒါမှမဟုတ် 100SMA အောက် 2PIP အကွာလောက်မှာ ထားလည်းရပါတယ်။
‪#‎TP‬ (TAKE PROFIT) ကိုတော့ 13SMA က 26SMA ကိုအပေါ်ကနေ အောက်ပြန်ဖေါက်ဆင်းတဲ့ အခြေအနေမှာယူပါ။ ဒီအခြေနေက Short Term Bearish ပြန်ဖြစ်တတ်တဲ့ အခြေနေဖြစ်ပါတယ်။ ဒေတာအားကောင်းမယ်ဆိုရင်တော့ 100SMA ကိုပြန်ဖေါက်ဆင်းပြီ DOWN TREND ထဲလည်း ပြန်ဝင်သွားနိုင်ပါတယ်။
(3) SELL ORDER ဝင်ခြင်း။
- 26SMA က 100SMA ကို အပေါ်ကနေ အောက်သို့ဖေါက်ဆင်းသော အခြေအနေ
- 13SMA က 26SMA နဲ့ 100SMA တို့ကို အထက်ကနေအောက်သို့ ဖေါက်ဆင်းသော အခြေအနေတွေမှာ ဆိုရင် Sell Order ပေးဖို့ သင့်တော်ပါတယ်။
- #SL ကိုတော့ စဖောက်သော candle အရှေ့က candle ရဲ့ အမြင့်ဆုံးနေရာနား ဒါမှမုတ် 100SMA ရဲ့ အထက် 2PIP လောက်မှာ ထားနိုင်ပါတယ်။
- #TP ကိုတော့ 13SMA က 26SMA ကိုအောက်ကနေအထက်ဖေါက်တဲ့ အခြေအနေမှာ ထားနိုင်ပါတယ်။ ဒီအခြေနေကို SHORT TERM BULLISH အခြေအနေလို့ ခေါ်ပါတယ်။
ကဲ 
အခြေခံလေးကို ခုမှစမယ့် trader အလောင်းအလျာများအတွက် တင်ပြလိုက်ရခြင်းသာဖြစ်ပါတယ်။
မည်သည့် Indicators များသုံးသုံး Traders များရဲ့ အဓိက ဦးတည်ချက်က Risk ကိုလျော့စေ Return ကိုများစေရန်သာဖြစ်ပါလိမ့်မယ်။
ခု SMA ၃ကြောင်းနည်းကို စမ်းသုံးချင် စမ်းသုံးကြပါဗျာ။
Starter များအတွက် Simple is Safe ဟု ယုံကြည်တင်ပြလိုက်ရပါတယ်
 Credit to Linnzayar Kyaw 

1 comment:

  1. QUANTUM BINARY SIGNALS

    Get professional trading signals delivered to your mobile phone every day.

    Follow our signals NOW and profit up to 270% per day.

    ReplyDelete