Featured Post

Thursday, December 24, 2015

EMA နဲ့ MACD Cross Strategy

EMA နဲ့ MACD Cross Strategy တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
အပတ်စဉ် ကျွန်တော် အနေနဲ့ အဆင်ပြေတာလေးတွေနဲ့ မိတ်ဆက်တင်ပြပေးနေတာလည်းဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုဝန်ခံလိုတာကတော့ Indicators တိုင်းက ကျွန်တော်အသုံးပြုနေတဲ့ Imdicators တွေမဟုတ်ကြဘူးဆိုတာပါ။
အဓိကအားဖြင့်တော့ Trading ကိုခုမှ စလေ့လာသူတွေ။ Demo နဲ့ လေ့ကျင့်နေသူတွေကို Inducators များနဲ့ပိုမို ကျွမ်းကျင်လာနားလည်လာအောင် စမ်းသပ်လေ့ကျင့်စေလိုရင်းဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ရင်း လေ့လာရင်းနဲ့ကိုယ်ပိုင်စိတ်ကူးတစ်ခုရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကဲ ... ကျွန်တော်တို့ စလိုက်ကြရအောင်ပါ။
‪#‎Why‬
ဒီ Strategy ကို မူရင်း Forex Function ဆိုဒ်မှာတော့
EMA crossover strategy with MACD လို့အမည်ပေးထားတာဖြစ်ပါတယ်။ တကယ်တော့ MACD မပါဘဲလည်း MA CROSS မှာတင် BUY SELL လုပ်ချင်လုပ်လို့ရပါတယ်။ ဒါပေမယ့် MACD နဲ့ တွဲသုံးခြင်းအားဖြင့် တခါတရံမှားပြီပြတတ်တဲ့ MA CROSS တွေကို ရှောင်ရှားနိုင်ပြီ ပိုမိုသေချာစေမယ် Entry နဲ့ Exit ကို MACD မှတဆင့် အတည်ပြုနိုင်မှာလည်းဖြစ်ပါတယ်။
‪#‎What‬
ဒီ Strategy ကိုအသုံးပြုဖို့ အောက်ပါအတိုင်း Setting များထားပေးရပါမည်။
1) 9 EMA
2) 21 EMA
3) MACD with default setting
‪#‎How‬
အသုံးပြုဖို့အတွက်တော့ Time Frame ကို H1 သို့မဟုတ် H4 နဲ့ ထားပေးရပါမယ်။ Trade နိုင်တဲ့ဟာတွေကတော့ Currency Pair အားလုံးကို trade လုပ်နိုင်ပါတယ်။
‪#‎When‬
ဘယ်အချိန်မှာ Buy နဲ့ Sell လုပ်ရမလည်းဆိုတာကတော့
(Buy)$$$$
- EMA 9 က EMA 12 ကိုအောက်ကနေအထက်သို့ ဖောက်တက်ပြီချိန်မှာ MACD ကလည်း 0.0 အထက်မှာ ရှိနေမယ်ဆိုရင် BUY ENTRY လုပ်နိုင်ပါတယ်။
(Sell)$$$$
- EMA 9 က EMA 12 ကိုအထက်ကနေအောက်သို့ ဖောက်ဆင်းပြီချိန်မှာ MACD ကလည်း 0.0 အောက်မှာ ရှိနေမယ်ဆိုရင် SELL ENTRY လုပ်နိုင်ပါတယ်။
‪#‎Profit‬ and Loss
- Take Profit ကို 30~50 pips အတွင်းထားပါ။
- Stop Loss ကို 30~40 pips အတွင်ထားပါ။
‪#‎Warning‬
- MA ချည်းသက်သက် cross ဖြစ်ချိန် entry - MACD နှင့် Confirm လုပ်ရန်။
- ပုံထဲမှာ သတိထားကြည့်ပေးပါ။ EMA 9 က EMA12 ကိုအထက်ကအောက်ကိုဖေါက်ဆင်းတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် MACD ကိုပြန်ကြည့်လိုက်တော့ 0.0 အထက်ပဲရှိသေးလို့ အဲလိုအနေထားမျိုးမှာဆို Sell entry ဝင်လို့မရပါဘူး။
- Check, Test and Use it.
ok ကြလားဗျာ။ ကျွန်တော့် chart မှာက အခြား indicators တွေ ထည့်ပြီ test လုပ်နေတော့ ဒီ Indicators ကို လက်ရှိဈေးနဲ့ထည့်ပြဖို့ အဆင်မပြေ၍ သင့်ရာပုံလေးတစ်ပုံထည့်လိုက်ရကြောင်းပါ။
အောင်မြင်ပြီးမြောက် ခရီးရောက်၍
ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ။
Credit to  Linnzayar Kyaw 

1 comment: