Featured Post

Thursday, December 24, 2015

‪#‎Basic‬ Term and Condition (အခြေခံမသိမဖြစ်အခေါ်အဝေါ်များ)

‪#‎Basic‬ Term and Condition (အခြေခံမသိမဖြစ်အခေါ်အဝေါ်များ)
1. Balance (အကောင့်ထဲရှိတာ)
Balance = Your Own Ammount when no opening position
2. Equity (တကယ်ပိုင်ဆိုင်တာ)
Equity = Balance ± Floating Profit/Loss
3. Free Margin
မိမိအကောင့်ထဲတွင် လက်ရှိဖွင့်ထားသော လော့များနှင့်မဆိုင်ဘဲ အလွတ်ရှိနေသော၊ တနည်းအားဖြင့် လော့အသစ်ထပ်မံဖွင့်လျှင် အသုံးပြု၍ရသော ပမာဏ
4. Margin Level
Margin Level = (Equity / Margin) x 100
5. Margin
Position တစ်ခု (သို့မဟုတ်) Trade တစ်ခုမှာ သုံးရတဲ့ ငွေပမာဏ
ဥပမာ Leverage 100 ယူထားပါက $1000 တန်ကြေးရှိသော ပစ္စည်းဝယ်ပါက မိမိအကောင့်ထဲမှ $10 အသုံးပြုရပါမယ်။
-Margin = Lot Price / Leverage
6. Free Margin
Free Margin = Equity – Margin
ဖွင့်ထားသော လော့မရှိရင် Equity နဲ့ Free Margin က Account Balance နဲ့ ညီပါမယ်။
7. Margin Call Level
မိမိအကောင့်ထဲတွင် အနည်းဆုံးရှိနေရမည့်၊ထိန်းထားရမည့် Margin Level ရာခိုင်နှုန်း
၎င်းကို မိမိ Broker မှ သတ်မှတ်ပါသည်။
8. Stop Out Level
အထက်က ဖေါ်ပြထားတဲ့ Margin Call Level ထက်နိမ့်ကျလာပြီး ယခု Level သို့ ရောက်လာပါက မိမိဖွင့်ထားသော လော့များ တစ်ခုခြင်းကို Broker မှ ပိတ်ပစ်ပါမည်။
9. Point
Pair တစ်ခုတွင် ကြီးမားသော ဈေးနှုန်းပြောင်းလဲမှုကို ခေါ်ဝေါ်ရာတွင် သုံးပါသည်။
ပုံမှန်အားဖြင့် ငွေကြေးအတွဲများတွင် သုံးခဲပြီး၊ စတော့များ၊ ရွှေအတွဲများတွင်တော့ သုံးတတ်ကြပါတယ်။
ဥပမာ ၁၂၀၀ ဈေးမှ ၁၂၀၁ ဖြစ်သွားသော ရွှေဈေးတွင် One Point ရွေ့သွားတယ်လို့ ပြောနိုင်ပါတယ်။
10. Pip
ငွေကြေးအတွဲတစ်ခု၏ အသေးငယ်ဆုံးအစိတ်အပိုင်း
ဥပမာ EURUSD အတွဲတွင် 1.1501 မှ 1.1500 ဖြစ်သွားပါက One Pip ရွှေ့သွားတယ်လို့ ပြောနိုင်ပါတယ်။
11. Tick (Tick Size)
Pip နှင့်သဘောတရားအားဖြင့်တူသည်၊ ရွှေနှင့်ဒေါ်လာအတွဲတွင်အသုံးသည်။
အနိမ့်ဆုံးဈေးပြောင်းလဲမှုဖြစ်ပေါ်စေမည့်ပမာဏကိုခေါ်သည်။
12. Tick Value
1 Tick ၏ တန်ဖိုးကို ငွေသားအဖြစ်ဖေါ်ပြရာတွင် သုံးပါသည်။
1 Tick လျှင် ဘယ်လောက်တန်ကြေးရှိသလည်းကို ပြခြင်းဖြစ်ပါတယ်။
FBS တွင် 1 Tick လျှင် 10$ ဖြစ်ပါသည်။
13. Spread
ဝယ်ဈေးနှင့်ရောင်းဈေးကြား ကွာဟချက်ကို Spread လို့ခေါ်ပါတယ်။
Spread 20 ရှိ Market ပေါက်ဈေး 120.854 ရှိသော USDJPY ကို Buy Order လုပ်ပါက 120.854+20 ဖြင့် အော်ဒါစပွင့်မှာဖြစ်ပါတယ်။
14. Swap
ညအိပ်ခလို့လည်း ခေါ်ကြပါတယ်။ အကြောင်းအမျိုးကြောင့် မိမိဖွင့်ထားသော အော်ဒါတစ်ခုခုသည် နေ့ကူးသွားပါက Broker မှ သတ်မှတ်ထားသော Swap ကို ပေးရပါတယ်။
15. Ask/Sell
အရောင်းအော်ဒါတက်ခြင်းကိုခေါ်ပါတယ်။
Limit/Stop များမပါသောကြောင့် Market Excuetion (လက်ရှိမားကတ်တွင်ဖြစ်နေသော ဈေးအတိုင်း) အရောင်းအော်ဒါပေးခြင်းကိုခေါ်ပါတယ်။
16. Bid/Buy
အ၀ယ်အော်ဒါပေးခြင်းကိုခေါ်ပါတယ်။
Limit/Stop များမပါသောကြောင့် Market Excuetion (လက်ရှိမားကတ်တွင်ဖြစ်နေသော ဈေးအတိုင်း) အ၀ယ်အ်ာဒါပေးခြင်းကိုခေါ်ပါတယ်။
17. Market Order (or) Market Execution
လက်ရှိဖြစ်နေသော ဈေး (Ask Price, Sell Price) တွင် အော်ဒါစဖွင့်ခြင်းပုံစံ။
18. Sell Limit
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေး၏ အထက်ဈေးတစ်ခုခုသို့ရောက်လျှင် အရောင်းအော်ဒါစဖွင့်မည့် တနည်းအားဖြင့် စရောင်းမည်ဟုဆိုလိုသော ကြိုတင်အရောင်းအော်ဒါအမျိုးအစား၊
19. Sell Stop
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေး၏ အောက် ဈေးတစ်ခုခုသို့ရောက်လျှင် အရောင်းအော်ဒါစဖွင့်မည့် တနည်းအားဖြင့် စရောင်းမည်ဟုဆိုလိုသော ကြိုတင်အရောင်းအော်ဒါအမျိုးအစား။
20. Buy Limit
လက်ရှိဈေးကွက်တွင်ဖြစ်ပေါ်နေသော ဈေး၏ အောက် ဈေးတစ်ခုခုသို့ရောက်လျှင် အ၀ယ်အော်ဒါစဖွင့်မည့် တနည်းအားဖြင့် စ၀ယ်မည်ဟုဆိုလိုသော ကြိုတင်အ၀ယ်အော်ဒါအမျိုးအစား။
21. Buy Stop
လက်ရှိဈေးကွက်တွင်ဖြစ်ပေါ်နေသော ဈေး၏ အထက် ဈေးတစ်ခုခုသို့ရောက်လျှင် အ၀ယ်အော်ဒါစဖွင့်မည့် တနည်းအားဖြင့် စ၀ယ်မည်ဟုဆိုလိုသော ကြိုတင်အ၀ယ်အော်ဒါအမျိုးအစား။
22. Base Currency
Currency Pair တစ်ခုတွင် ပထမဆုံးတွေ့ရသော ငွေကြေး၊ EURUSD တွင် EUR သည် Base Currency ဖြစ်သည်။
ဒါ့အပြင် ဥပမာအနေဖြင့် EURUSD=1.300 လို့ Quote လုပ်ထားပါက 1Euro သည် 1.3USD တန်တယ်၊ပေါက်တယ်လို့ မှတ်သားရမှာဖြစ်ပါတယ်။
23. Quote Currency
အထက်ကဖေါ်ပြထားသော Base Currency ရဲ့ ဆန့်ကျင်ဘက် ငွေကြေးကိုခေါ်သည်။ Counter Currency လို့လည်းခေါ်ကြသည်၊ Currency Pair တစ်ခု၏ ဒုတိယမြောက်ငွေကြေးကိုခေါ်ခြင်းဖြစ်သည်။ EURUSD တွင် USD သည် Qoute Currency (or) Counter Currency ဖြစ်သည်။
24. Profit
အမြတ်ဖြစ်ပါတယ်။
Sell Profit/Loss = Sell Price - Closed Price
Buy Profit/Loss = Buy Price + Closed Price
25. Leverage (မြှင့်တင်မှု)
ပြန်ရငွေ(အမြတ်)တိုးလာစေရန်အသုံးပြုသော အငှားအရင်းနှီး၊ တနည်းအားဖြင့်မိမိအကောင့်ထဲရှိ ငွေပမာဏထက်ပိုသော ပမာဏရှိသော ငွေကြေးအတွဲများကို အရောင်းအ၀ယ်လုပ်နိုင်စွမ်းအားဖြစ်သည်။
ပြန်ရချက်များသလို၊ အရှုံးလည်းများနိုင်မြန်နိုင်သည်။ Ratio ဥပမာ 100:1 ကဲ့သို့ဖေါ်ပြပြီး၊ မိမိ၏ Margin account ရှိ စုစုပေါင်းပမာဏထက် အဆ ၁၀၀ အရောင်း၊အ၀ယ်လုပ်နိုင်ခြင်းဖြစ်သည်။
ဥပမာအားဖြင့် Leverage 100 ယူထားပြီး သင့်အကောင့်ထဲတွင် ဒေါ်လာ ၁၀၀ ရှိပါက သင့်အနေဖြင့် ဒေါ်လာ ၁၀၀၀၀ တန်ကြေးရှိသော ငွေကြေးအတွဲများကို အော်ဒါဖွင့်နိုင်မယ်ဖြစ်ပါတယ်။
(Balance * Leverage = ၀ယ်ယူနိုင်သောတန်ဖိုး)
(ပိုင်ဆိုင်တယ်လို့ မဆိုလိုပါ၊ --- တန်ဖိုးရှိသော အရာများကို အရောင်းအ၀ယ်လုပ်နိုင်ခြင်းကိုဆိုလိုတာ သာဖြစ်ပါသည်။)
26. Long Position
ငွေကြေးအတွဲတစ်ခုကို တက်မယ်လို့မျှော်လင့်ပြီး ၀ယ်လိုက်တာကို Long လုပ်တယ်ခေါ်ပါတယ်။
27. Short Position
ငွေကြေးအတွဲတစ်ခုကို ကျမယ်မျှော်လင့်ပြီး ၀ယ်လိုက်တာကို Short လုပ်တယ်ခေါ်ပါတယ်။
28. Lot Size (Contract Size)
Standard အားဖြင့် Gold 1 Lot သည် 100 အောင်စရှိပြီး၊ ငွေကြေးအတွဲ 1 Lot လျှင် ဒေါ်လာ တစ်သိန်းရှိပါသည်။
မနက်က ကျွန်တော်တင်တဲ့ ပို့စ်ရဲ့ အဆက်ဖြစ်ပါတယ်။ ကျွန်တော့်မှာလည်း ပိုစ်အော်ဒါတွေကများ၊ လူကလည်း ကျန်းမာရေး ချို့ယွင်းနဲ့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေလို့ပါ။ ပို့စ်အော်ဒါပေးထာူးသူများအားလုံး ခဏတော့သည်းခံကြပါ ခင်ဗျာ၊ မကြာမှီမှာ အားလုံးပြည့်စုံလာစေရပါမယ်။ tongue emoticon
ခုအခေါ်အဝေါ်တွေကို မသိမဖြစ်လို့မှတ်သားပြီ လေ့လာပေးကြပါဗျာ။
ဒါက apply အပိုင်းမို့ပါ။
credit to  Linnzayar Kyaw 

No comments:

Post a Comment