Featured Post

Wednesday, December 30, 2015

Bitcoin advertising network services (for blogger and Publisher)




ကျနော်ဒီနေ့ Bitcoin ကို advertising အနေနဲ့ ရယ် Publisherအနေနဲ့ရှာဖွေလို့ရမဲ့နည်းလေး ရေးသားပေးပါ့မယ်ခင်မျာ...

Blogger တွေနဲ့ Publisher တွေအတွက် မိမိ ရဲ့ ဆိုဒ်သို့မဟုတ် ဘလော့ မှာ ကြော်ငြာ banner လေးတွေ တင်ထားခြင်းဖြင့် 24/7 ၂၄ နာရီ ၇ ၇က်ပတ်လုံးကို မိမိရဲ့ ဆိုဒ်လေးက ၀င်ငွေရှာပေးနိုင်မှာဖြစ်ပါတယ်...
စီးပွါးဖြစ် လောက်အောင်ရလားဆိုရင်တော့ အဲ့လောက်တော့မရပါဘူး မိမိ ဆိုဒ်ရဲ့ ဒိုမိန်း ဖိုးလောက်တော့ရနိုင်ပါတယ် ပြီးရင် ဖုန်းဘေဖိုးလောက်တော့ ပြန်ရနိုင်ပါတယ်
စီးပွါးဖြစ် လောက်အောင်ဝင်ငွေ ကောင်းချင်ရင်တော့ မိမိဆိုဒ် က နေ့စဉ် လူအများကြီး ၀င်ထွက်နေရင်တော့ Traffic တွေ အရမ်းများရင် သူတို့ ဆိုဒ်တွေက Traffic Reffer Link ကိုကြည့်ပြီးတော့ တိုက်ရိုက်ကို လာကြော်ငြာပါလိမ့်မယ်....

တချို့ ဘလော့ကာတွေက Paypal တို့ဘာတို့ နဲ့သုံးတဲ့ကြော်ငြာဆိုဒ်တွေမှာ ကြော်ငြာသွားယူလေ့ရှိပါတယ်
တကယ်တော့အဲ့လိုကြော်ငာဆိုဒ်တွေက $10 $ 20 လောက်ရဖို့ကို ၁နှစ် နီးပါးလောက်ထိကြာပါတယ် Paypal $10 ကိုပြန်ရောင်းဖို့ကလဲ အွန်လိုင်းပေါ်မှာခက်ခဲလှပါတယ်....ဘစ်ကွိုင်ကတော့မြန်မာငွေနဲ့တိုက်ရိုက် ချက်ချင်း ရောင်းချနိုင်ပါတယ်
ဘစ်ကွိုင်ဆိုဒ်တွေကတော့ မြန်ပါတယ် ကြော်ငာ ခ ပြန်ပေးတာ တချို့ဆိုဒ်ဆိုရင် နေ့တိုင်း ရတဲ့ ငွေကို တစ်နေ့ တစ်ခါ ရှင်းပေးပါတယ်....

တချို့ ဘလော့ကာတွေက ဘစ်ကွိုင်နဲ့ မရင်းနှီးသေးကြပါဘူး ဘစ်ကွိုင်ရဲ့ ကြော်ငာတွေထည့်သွင်းဖို့အတွက် သူတို့ ဘစ်ကွိုင်ပြန်ပေးရင် လက်ခံ ပေးဖို့ Bitcoin wallet တစ်ခု ရှိမှာဖြစ်မှာပါ

Bitcoin wallet အကောင့်ဖွင့်နည်းနဲ့ အသုံးပြုပုံကို ဒီလင့်မှာ သွားကြည့်နိုင်ပါတယ်...
All Bitcoin Post Link (ဒီလင့်ကတော့ဘစ်ကွိုင်နဲ့ ပက်သက်တဲ့ပို့စ်အားလုံးလင့်စ်ပါ) 

ဘလော့ကာတွေအနေနဲ့ မိမိ ဆိုဒ်မှာ ကြော်ငြာကုဒ်ထည့်တာလောက်ကို ဘာမှရှင်းပြစရာမလိုပါဘူး ထမင်းစားရေသောက်တာထက်လွယ်ကူပါတယ်ခင်မျာ...သူတို့အတွက်ကတော့

ဒါပေမဲ့ ကျနော်ဆိုဒ်၁ ဆိုဒ်ကိုအရင်းဆုံး နမူတာတော့လုပ်ပြပေးပါမယ် နောက် ဘလော့ကာ အသစ်တွေအနေနဲ့လဲ လေ့လာလို့ရနိုင်အောင်ပါ သိပြီးသားသူအနေနဲ့ နဲနဲလောက်သီးခံပေးပါအုံးခင်မျာ...


အဲ့ဆိုဒ်ကတော့ အကောင့်ဖွင့်စရာမလိုပါဘူး မိမိ ဘစ်ကွိုင် လိပ်စာထည့်ပေးပြီးတာနဲ့တင် မိမိဆိုဒ်မှာ ထားမဲ့ ကြော်ငြာအရွယ်စားနဲ့ချိန်ပြီးတော့ iframe ကုဒ်ကိုယူပြီး မိမိဆိုဒ်မှာ ကြော်ငြာနိုင်ပါတယ်
သူကတော့ နေ့တိုင်းကိုယ်ရတဲ့ ကြော်ငြာဖိုးကို တနေ့ တခါ ရှင်းပေးပါတယ်.... ဘစ်ကွိုင် လိပ်စာထဲကို အော်တို ထည့်ပေးပါတယ်....

ပုံမှာ နှိပ်ရမဲ့ဟာတွေကို အနီနဲ့ ၀ိုင်းပြပေးထားပါတယ်....

Earn Money ကိုနှိပ်လိုက်ပါ....ပြီးရင် Create an Ad Unite ကိုဆက်နိပ်လိုက်ပါ


Size မှာ မိမိတို့ ဘလော့နဲ့ ထားမဲ့နေရာနဲ့ကိုက်ညီမဲ့ အရွယ်စားကို ရွေးပေးလိုက်ပါ ကျနော်ကတော့ 468*60 banner အရွယ်စားကို ရွေးပေးထားပါတယ်  468 ဆိုတာ width ပါ 60 ကတော့ hight ပါ

Size URL မှာမိမိတို့ ဆိုဒ် လိပ်စာကိုထည့်ပေးလိုက်ပါ.....ကျနော်ကတော့ ကျနော့်ရဲ့ Bitcoin Facuet ဆိုဒ်လေး ကိုထည့်ပေးထားပါတယ်...



ကျနော်တို့ to user's account ကိုမသုံးပါဘူး To bitcoin address ကိုဘဲသုံးပါမယ် ဘစ်ကွိုင်လိပ်စာနဲ့ဘဲ

withdraw address မှာကိုယ်ထည့်မဲ့ ဘစ်ကွိုင် လိပ်စာကိုထည့်ပေးလိုက်ပါ....
withdrawal threshold မှာတော့ သူက အနည်းဆုံး 0.0001 btcမှ ပေးထုတ်ထားပါတယ် ကျနော်တို့ 0.0003 btc ပြင်ထားပါတယ် 0.0003 ရောက်တာနဲ့ အော်တို ပို့ပေးမှာပါနေ့တိုင်း ကိုယ့်ဆိုဒ်လူဝင်များရင်များသလို ချိန်လို့ရပါတယ်....

Create AD unit ကိုနှိပ်လိုက်ပါ ကုဒ်တွေထုတ်ပေးပါလိမ့်မယ်


Please embed this HTML code into your site လို့ပေးထားပါတယ် အဲ့ပေးထားတဲ့ကုဒ်ကို ကော်ပီကူးပြီးတော့ ဘလော့မှာသွားထည့်ရပါမယ်....

Access Data မှာတော့ သူပေးထားတဲ့ကုဒ်ကို ကော်ပီ ကူးထားပြီးတော့ သိမ်းထားလိုက်ပါ
အဲ့လင့်နဲ့ ပြန်ဝင်ပြီးတော့ သူပေးတဲ့ ပက်ဝက်ကုဒ်နဲ့ မိမိ အခု ကြော်ငြာ ကို ပြန်လည် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်... ပြီးသွားရင်တော့

I saved access data ဘေးက ဘောက်လေးမှာ အမှန်ခြစ်လေးထည့်ပေးပြီး နှိပ်လိုက်ပါ မိမိ ကြော်ငြာ Active ဖြစ်သွားပါပြီ

မိမိ ရဲ့ကြော်ငြာကို ပြန်လည်ပြင်ဆင်ချင်တယ်ဆိုရင်တော့ Edit ကနေ ဆိုဒ်အရွယ်စားနဲ့ ကာလာတွေ တွေကို စိတ်ကြိုက် ပြန်လည်ပြန်ဆင်နိုင်ပါတယ် ပြီးရင်တော့ ညာဘက် ဘောက်မှာStandard Colors အောက်ကကုဒ်ကိုသွားပြန်ကူးပြီးတော့ မိမိဘလော့မှာ ပြန်ထည့်ပြီးချိန်ယူနိုင်ပါတယ်


ထည့်ထားတဲ့ ကြော်ငြာ ကျနော့် ဘစ်ကွိုင်ဖရီးပေးတဲ့ဆိုဒ်မှာ ရောက်နေပါပြီ။။။
Balance မှာ အခု 0.000000 B ဖြစ်နေပါတယ် အခု မှထည့်ထားလို့ပါ...
withdrawal address မှာတော့ ကိုယ်ထည့်ထားတဲ့ လိပ်စာ ကိုသူပို့ပေးဖို့ ပြထားတာပါ...

Categories ကတော့ အခုမှ ကြော်ငြာ ထည့်ထားတာမလို့ Unknown ဖြစ်နေပါတယ် ၂၄ နာ၇ီအတွင်း သူတို့ အမျိုးစားရွေးပေးပါလိမ့်မယ်


အပေါ်ကပုံလေးကတော့ ကျနော့် ဆိုဒ်လေးရဲ့ ပုံလေးပါ ၁ပတ်စာ ရတဲ့ နှုန်းထားပါ 0.016 btc ထုတ်ပေးထားပါတယ်...ကျနော်ကတောကြော်ငြာကို အမြဲ တမ်း ၁၀ ၁ခါ အသစ်ယူပြီးထည့်ပါ ကြော်ငြာ အသစ် ထည့်တိုင်း Impressions များများ တွေ့ တာနဲ့ ပေးပါတယ် မြင်ပြီးသားသူတွေ ကိုသူက ပြန်ပြီးတော့ပေးလေ့မရှိလို့ပါ....ကလစ်သွားရင်တော့ ပိုရပါတယ်
နောက်ထပ် လူများများဝင်လေ ကြော်ငြာခ ပေးတဲ့ နှုန်းထားက ပိုများလေပါ သူများရတဲ့ ကြော်ငြာခနဲ့ ကိုယ့်ဆိုဒ်ရတဲ့ ကြော်ငြာခမတူပါဘူး....ကျနော် စစချင်း ပထမရက်တွေမျိုး ဆိုရင် 0.006 ကျော်ကို ၁ရက်ထဲရပါတယ် နောက်ပိုင်းမှာတနေ့ နဲနဲ ချင်းစီ နည်းသွားတာကိုတွေ့ ပါလိမ်မယ်......
အခုလောက်ဆို အကြမ်းဖျင်းလောက်နားလည်ပြီထင်ပါတယ် ခင်မျာ ကျနော် နောက်ထပ် ဆိုဒ်တွေကိုတော့ ဒီတိုင်း ဘဲတင်သွားပေးလိုက်ပါတော့မယ် သဘောတရားကတော့အကုန်တူတူပါဘဲ ကျန်တဲ့ဆိုဒ်တွေကတော့ အကောင့်ဖွင့်ရပါတယ်


ဒီဆိုဒ်လေးကတော့ နာမယ်တော်တော်ကြီးပါတယ် သူပေးတဲ့ ကြော်ငြာနှုန်းကလဲ တော်တော်လေးကိုများပါတယ် ကလစ် ၁ချက်ကို ပြန်ရတဲ့ နှုန်းက...အနည်းဆုံး 0.0002လောက်ကိုချပေးပါတယ်....ကလစ်မှရတာပါ ကိုယ့်ဘာသာ ကလစ်ကို ဘန်းသွားပါလိမ့်မယ်...
 သူကတော့ blogspot.com sub domain တွေကိုလက်မခံပါဘူး....ဒါပေမဲ့ ဘလော့ကာတွေအတွက်
Short Link ကိုယူသုံးလို့ရပါတယ် တခြား သူတွေလဲ မိမိ လင့်စ်တွေတင်တဲ့အခါ တို့ လင့်တွေ ရှဲတဲ့ အခါတို့မှာ သူထဲမှာသွားပြီးတော့ ရှော့လင့် သွားပြောင်းပြီးတော့ ပြန်ရှဲလို့ရပါတယ်... သူတို့ကတော့ ရှော့လင့်ကို အမျိုးစား၂ ခုနဲ့ ထုတ်ပေးပါတယ် QR code နဲ့ ရိုးရိုး ရှော့လင့်နဲ့ ပါ ကြိုက်တာယူသုံးနိုင်ပါတယ်

ရှော့လင့် ကတော့ မိမိ ပေးချင်တဲ့လင့်စ်ကို ဘောက်ထဲမှာထည့်လိုက်ပါ ပြီးရင် short ကိုကလစ်လိုက်တာနဲ့ ရိုးရိုး Short Link နဲ့ QR code လင့် ထုတ်ပေးပါလိမ့်မယ် ကြိုက်တာကို ယူသုံးလို့ရပါတယ်



ဒီလောက်ဆိုရင်တော့ သုံးတတ်ပြီထင်ပါတယ် အကောင့်ဖွင့်တာကတော့ မိမိဘာသာဖွင့်ယူလိုက်ပါ လင့်မှာ
ကျနော် ရှင်းမပြတော့ပါဘူး ဘာမှလဲ မခက်ခဲလို့ပါ...


ဒီဆိုဒ်ကတော့ တော်တော်များများသိကြပါတယ် သူကလဲ ကလစ်မှပေးတာပါ...အခုနောက်ပိုင်းတော့ ကြော်ငြာခ တော်တော်လေးနည်းသွားပါတယ်...  100 bit ကို စတိုရှီ ၁သောင်းရှိပါတယ် သူက Bit နဲ့ပြပါတယ် 60 bit ဆို ထုတ်လို့ရပါတယ် ကျနော် 9000bit ထိကို ၁နေ့ထဲရဖူးပါတယ်..0.009btc ပေါ့


သူလဲဘာမှမခက်ခဲပါဘူးအကောင့်ဖွင့် မိမိဆိုဒ်ကိုထည့် ကုဒ်သွားယူယုံပါဘဲ 

ဒီကောင်လေးကတော့ အကောင့်ဖွင့်ပြီးတာနဲ့ ကုဒ်တွေယူပြီးတော့ မိမိ ဆိုဒ်မှာထည့်ထားလို့ရပါတယ် ဒါပေမဲ့ ဘစ်ကွိုင် ချက်ချင်းရမှာမဟုတ်ပါဘူး သူက လေလံသဘောမျိုးနဲ့ မိမိ ဆိုဒ်ကို ၁နေ့ ဘယ်လောက် Bid နှုန်းနဲ့ ကြော်ငြာ ခွင့်ပေထားလဲဆိုတာမျိုးပါ ကျနော်ကတော့ ကျနော့် ဘစ်ကွိုင် ဖရီးပေးတဲ့ဆိုဒ်မှာ 0.0002 နဲ့ တင်ထားခဲ့ပါတယ် ၁ပတ်ကျော်လောက်ကြာတော့ ကြော်ငြာရှင်တယောက် လာကြော်ငြာထည့်သွားပါတယ် ကြော်ငြာရှင်တွေက သူတို့ ဆိုဒ်ရဲ့ လူဝင်နှုန်းကိုကြည့်ပါတယ် ပြီးရင် ဈေးသက်သာတဲ့ဆိုဒ်ကိုလဲ ကြည့်ပါတယ်...ပြီးတော့ သူတို့ ကြော်ငြာမဲ့ အလုပ်နဲ့ အဆင်ပြေမဲ့ ဆိုဒ်ကိုလဲကြည့်ပါတယ် .... ဒါပေမဲ့ ကောင်းတာတော့ ကလစ်လုပ်လုပ် မလုပ် လုပ် သူကနေ့စဉ် ကြော်ငြာခ ရတဲ့ ဆိုဒ်မျိုးပါ ကြော်ငြာရှင်ကပေးရတာမလို့....ငွေထုတ်ရင်တော့ ဆိုဒ်မှာသွားထုတ်လိုက်ယုံပါဘဲ.....

ကျနော်ရှေ့ ၃ ရက်လောက်မှထုတ်ထားသေးလို့အခု အကောင့်ထဲမှာ 0.00049 ကျော်ဘဲကျန်ပါတော့တယ်





အဲ့ဆိုဒ်လေးလဲဘစ်ကွိုင်နဲ့ ကြော်ငြာထည့်ပေးရတာပါ...သူတို့ ဆိုဒ်တွေကတော့ ၂၄ နာ၇ီစောင့်ရပါတယ် မိမိ ဆိုဒ်အက်တစ် ဖြစ်ဖို့အတွက်
တခြားဆိုဒ်တွေလဲ ရှိပါသေးတယ် သူတို့ တော်တော် များများက ဘလော့တွေဆိုရင်သိပ်လက်မခံတပ်ပါဘူး
reject တွေလုပ်တာများပါတယ် သူတို့အလုပ်နဲ့ သိပ်မညီလို့ဆိုပြီးတော့...

ဒီဆိုဒ်လေးကလဲ Adbit လိုမျိုးပါဘဲ ကြော်ငြာရှင်ကတိုက်ရိုက် ချိတ်ဆက်ပေးတဲ့ဆိုဒ်ပါဘဲမိမိ ဆိုဒ်ရဲ့ ၁နေ့ ကြော်ငြာခကို တင်ထားပေးရင် ကြော်ငြာမဲ့သူက ကြိုက်ရင် သူထည့်သွားမှာဖြစ်ပါတယ်


နောက်ထပ် ကျနော် Short Link ဆိုဒ်လေးတွေ ပြောပြပေးပါမယ် ဘစ်ကွိုင်နဲ့ ပေးတဲ့ဆိုဒ်လေးတွေပါ အဲဆိုဒ်တွေကတော့ ဘလော့ ရှိမှရယ် မဟုတ်ပါဘူး ကိုယ်လင့်တွေတင်တိုင်း ရှော့လင့်တွေနဲ့ သုံးသွားပေးရင်းရနိုင်တာပါ.....

ဒီဆိုဒ်လေးကလဲ Paypal and Bitcoin နဲ့ ထုတ်ပေးပါတယ်။ ကျနော်ထုတ်ဖူးပြီးသားပါခင်မျာ....သူကတော့
1000 click ကို $6.5 နှုန်းနဲ့ပေးတာပါ...သူပေးပေမဲ့ နိုင်ငံအလိုက် Payment Rate တွေကွာခြားပြီးပေးတာပါ.....
ကျနော်တို့နိုင်ငံဆိုရင်တော်တော်လေးကို နည်းပါတယ် ကျနော်တော့ထုတ်ထားဖူးပါတယ်
အောက်ကပုံလေးမှာကြည့်လိုက်ပါ...




သူကျတော့ Publisher တွေရော ရိုးရိုးသူတွေပါ အသုံးပြုနိုင်ပါတယ် သူကတော့ File တွေ Video တွေကို
Upload တင်ပေးပြီးတော့ ရှာရတာပါ ဒေါင်းလော့ဆွဲသွားတိုင်း Video တွေကြည့်သွားတိုင်း သူကဘစ်ကွိုင်တွေပေးတာပါ....Size upload အရွယ်စားတွေအလိုက် ခွဲပေးထားပါတယ် အနည်းဆုံး 5M ကစပြီးတော့ ငွေချေပေးပါတယ်....Publisher တွေအတွက်တော့ အရမ်းအဆင်ပြေနိုင်ပါတယ် ဘာလို့လဲဆိုတော့ လလော့ကာတွေက အမြဲတမ်း မိမိ ဆိုဒ်မှာ Upload တင်ပေးနေရတာများပါတယ်.....



ကိုယ်တင်ထားတဲ့ လင့်ကို ပြန်ရှဲပေးရင်း သူများဒေါင်းသွားရင် ငွေရတာပါ....ကျနော်တော့မထုတ်ရသေးပါဘူး လုပ်တာလဲမကြာသေးလို့ပါ...ငွေထုတ်ကိုတော့ 24 နာ၇ီအတွင်း ထုတ်ပေးမယ်လို့ ပြောထားပါတယ်...


အခုပြောပြပေးခဲ့တာကတော့ Publisher တွေအတွက် ဘစ်ကွိုင်ရှာဖွေ လို့ရနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်.... အားလုံးဘဲ အဆင်ပြေကြလိမ့်မယ်လို့ မျော်လင့်ပါတယ်ခင်မျာ....

နားမလည်တာများရှိရင် ဖေ့ဘုတ် ဂရုမှာ Join ပြီး ပို့စ်တင်မေးမြန်းနိုင်ပါတယ်ခင်မျာ.....Join FB Group


ရေးသားသူ www.servicebyart.biz
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

credit to servicebyart.biz

No comments:

Post a Comment